မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်မှာ ရက်ပိုင်းပဲခြားပြီး အုပ်ချုပ်ရေးမှူး တစ်ယောက်နဲ့ စစ်တပ်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၄ ရက်၊ မနက်အစောပိုင်းက ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်ထဲ သန်းခေါင်စာရင်း ကောက်ယူနေတဲ့ အုပ်ချုပ်ရေးမှူး နိုင်နိုင်ထွန်း() ဆောလီ နဲ့ အဖွဲ့ကို ပုဂံပြည်ဘီလူးတပ် တော်လှန်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူးဆိုသူမှာ နေရာတင် သေဆုံးပြီး အတူလိုက်ပါလာတဲ့လုံခြုံရေးအဖွဲ့ဝင်တွေလည်း ထွက်ပြေးသွားတယ်လို့သိရပါတယ်။

ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းမကောက်ဖို့နဲ့ စစ်မှုထမ်းစာရင်းမကောက်ဖို့ ညောင်ဦးမြို့နယ်၊ ပကဖ၊  ပုဂံပြည် ဘီလူးအဖွဲ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၄ ရက်၊ နေ့လယ်ပိုင်းကလည်း ပုဂံမြို့သစ် ရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီ ဖိုးဝှီးလ်ကား၁စီးကို ဂန့်ဂေါရွာတောင်ဘက်အရောက်မှာ တော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

လက်ရှိမှာ သီတင်းကျွတ်ပိတ်ရက်တွေအတွက် အနယ်နယ်အရပ်ရပ်က ခရီးသွားတွေဟာ စစ်အုပ်စုထိန်းချုပ်မှုအောက်မှာရှိတဲ့ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေကို လာရောက်လည်ပတ်ကြတဲ့အချိန်ဖြစ်သလို တစ်ဖက်မှာလည်း အခုလိုထိတွေ့မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို အဘက်ဘက်က ယိုင်နဲ့ပြိုလဲအောင် ချေမှုန်းနေကြတဲ့ အခုလိုအချိန်မှာ ပြည်သူတွေအနေနဲ့ အသွားအလာ သတိရှိဖို့ လိုအပ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ပြည်သူတွေ အကြမ်းဖက်စစ်အုပ်စုနဲ့ ဝေးဝေးမှာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ အကြမ်းဖက်စစ်ကြောင်းက ရွာတွေကို အင်အားသုံး မီးရှို့ရင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို အင်အားသုံး မီးရှို့ရင်း အရပ်သား ၃၀ ကျော်ကို ကန့်ဘလူ ၆၀၀၆ တကရ တပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ပြောပါတယ်။
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ် အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ တိုက်ခိုက်၊ ကလေးငယ် ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာစာသင်ကျောင်းကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ရာ ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကိုဖျက်သိမ်းပြီး ယောတပ်တော် (Yaw Army) နှင့် ပေါင်းစည်းကာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲဝင်သွားမည်

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယောတပ်တော် (Yaw Army) နဲ့ပူးပေါင်းကာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ယောတပ်တော် (Yaw Army) က မတ်လ ၃ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

သပိတ်ကျင်းမှာ မြို့နယ် ပကဖ က စစ်ရှောင်ပြည်သူများကို ရိက္ခာထောက်ပံ့၊ ကျန်းမာရေးစောင့်ရှောက်မှုများလည်း လုပ်ဆောင်ခဲ့

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေကို ရိက္ခာထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲမှုဟာ ရှမ်းမြောက် စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို တိုက်ရိုက်မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း MNDAA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ် လူနေရပ်ကွက်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုဟာ “စစ်ပြေငြိမ်းရေး” ကို စစ်မက်အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
Read More

သရုပ်ဆောင် စည်သူ(ပလပ်ကျွတ်) မြန်မာလုပ်သားများ ဘတ်တင်မည့် ငွေများ ပြန်မဖြေရှင်းပဲ တိမ်းရှောင်နေ

သရုပ်ဆောင် စည်သူ(ပလပ်ကျွတ်) က မြန်မာလုပ်သား တွေကို ပန်းရောင်ကတ်(ခေါ်) ဘတ်တင်ပေးမယ်ဆိုပြီး ဘတ်ငွေသိန်းနဲ့ချီ လိမ်လည်ယူဆောင်သွားတယ်လို့ သိရပါတယ်။