စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ (ဗျူဟာ ၄၇) က ရဲဘော်တွေဟာ တပ်ရင်းမှူးအပါအဝင် တပ်ရင်းရှိ လူကြီးတွေမှာ ဒီကနေ့မှာ မြန်မာ့ဗုဒ္ဓဘာသာထုံးတမ်းဓလေ့နဲ့အညီ သီတင်းကျွတ်အခါသမယမှာ ကန်တော့ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။

ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ ရဲ့ တပ်ရင်းမှူးကလည်း လာရောက်ကန်တော့တဲ့ ရဲဘော်တွေကို နှုတ်နဲ့ ဆုမွန်ကောင်းတွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး မုန့်ဖိုးတွေပါ ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

 

 

(ဓာတ်ပုံ ယင်းမာပင်ခရိုင် တပ်ရင်း၃၅ – People’s Defence Army)

0 Shares:
You May Also Like
Read More

မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံရပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် အဆက်အသွယ်ပြတ်နေ

မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ဒီနေ့အချိန်ထိ အဆက်အသွယ် ပြတ်တောက်နေကာ အသက်အန္တရာယ်အတွက် လွန်စွာစိုးရိမ်နေရကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ရ.တ.က.သ) က ထုတ်ပြန်ပါတယ်။
Read More

NUG အစိုးရက ၎င်းတို့ရဲ့ အားနည်းချက်တွေကို နည်းသထက်နည်းအောင် ကြိုးစားမယ်လို့ ကတိပြု

NUG အစိုးရအနေနဲ့ ၎င်းတို့ဘက်က အားနည်းချက်တွေကို နည်းသထက်နည်းအောင်ကြိုးစားနေပြီး ပြည်သူလူထုရဲ့ အသံကို အချိန်မရွေးနားထောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီ သမ္မတဖြစ်သူ  ဒူဝါလရှီးလက ပြောပါတယ်။ 
Read More

ဧရာဝတီမြစ် ထာဝရ စီးဆင်းနိုင်ရန် တော်လှန်ရေးမဟာမိတ်များနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဟု NUG ဆို

အကြမ်းဖက်စစ်တပ်က ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်ဖို့ ကြိုးစားတာဟာ အာဏာတည် မြဲရေး အတွက် နိုင်ငံရဲ့နှလုံးသားကို ထိုးကျွေးတာပဲဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဧရာဝတီမြစ်ကြီး ထာဝရ စီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ 
Read More

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပစ်ခတ်တိုက်ခိုက်သည့် တစ်ရက်တည်းမှာပဲ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို ရှော့တိုက်ဒုံး ၆ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

အတုအယောင် ရွေးကောက်ပွဲ အတင်းအဓမ္မ ကျင်းပနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်‌ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ထုတ်ပြန်ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ၂၀၁၀ တုန်းကလို အခင်းအကျင်းမျိုး မဖြစ်နိုင်ဟု SAC-M ပြော

အာဏာသိမ်းစစ်အုပ်စုက ဒီဇင်ဘာလမှာ စတင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ မမျှတနိုင်ဘဲ ၂၀၁၀ တုန်းကလို အခင်းအကျင်းမျိုးလည်း မရနိုင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့ (SAC-M) ရဲ့ ဒီဇင်ဘာလ ၅ ရက်က အစီရင်ခံစာသစ်မှာ ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ (EROs)၊ ပြည်နယ်/ဖက်ဒရယ် ယူနစ်တွေနဲ့ လူမျိုးစုကောင်စီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အပါအဝင် အဓိက တော်လှန်ရေး အစုအဖွဲ့ ၂၅ ခုက ပေးပို့ထားတဲ့ အချက်အလက်တွေကို အခြေခံပြီး SAC-M က “Myanmar’s Way Forward” စာတမ်းကို သောကြာနေ့က ထုတ်ပြန်ခဲ့တာပါ။
Read More

မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ် လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေသာ့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ်မှာ လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။