ရခိုင်ပြည်နယ်၊ မောင်တောဒေသကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ရခိုင့်တပ်တော် AA ဟာ စက်တင်ဘာလ ဒုတိယအပတ်ကတည်းက နခခ () နယ်ခြားစောင့်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အကြမ်းဖက်စစ်တပ်ကလည်း လေကြောင်းကနေ ပစ်ကူပေးတာ၊ လေယာဉ်ဗုံးကြဲတာတွေပြုလုပ်နေတာကြောင့် နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရခိုင့်တပ်တော် AA က မောင်တောဒေသရဲ့နောက်ဆုံးခံတပ်ဖြစ်တဲ့ နခခ ၅ ဌာနချုပ်ကို ထိုးစစ်ဆင်နေပြီး အောက်တိုဘာလ ၁၅ရက် မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပစ်ကူ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ နခခ ၅ ဌာနချုပ်ကို ရခိုင့်တပ်တော် AA က အနီးကပ်ထိုးစစ်ဆင်နေတာ။ မနေ့က ၃ရက်မြောက်ပေါ့။ အနီးကပ် ကျားထိုးစစ်ချီတက်တာတွေပါ လုပ်ဆောင်နိုင်ခဲ့တယ်။ စခန်းအပြီးသတ် သိမ်းပိုက်ခါနီးမှ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ ပစ်ကူပေးတာတွေပါလုပ်နေလို့ ဌာနချုပ်စခန်းကို မသိမ်းပိုက်နိုင်သေးတာလို့  AA နဲ့ နီးစပ်တဲ့ မောင်တောဒေသခံတစ်ယောက်က ပြောပါတယ်။

အထက်ပါ သတင်းရင်းမြစ်ကပဲ ဆက်ပြီးမနေ့ည သန်းခေါင်ကျော်မှာ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ဗုံးလာကြဲတယ်။ ဂျက်ဖိုက်တာ လေယာဥ်အသုံးပြုပြီး ၂ကြိမ်တိတိ ဗုံးကြဲတယ်။ Y12 လေယာဥ်နဲ့ ပစ်ကူပေးတာကော ဗုံးကြဲတာကော လုပ်တယ်။ ည၂နာရီထိုးလောက်မှာ ဗုံးသီး အလုံး၄၀ လောက်ကြဲချလို့ နခခ ဌာနချုပ်ကို အနီးကပ်ထိုးစစ်ဆင်မှု ခေတ္တရပ်ထားရတယ်လို့ ဆိုပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၆ ရက် မနက် ၁၀ နာရီကျော်မှာလည်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။ စစ်ကောင်စီက မောင်တောရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ နခခ ၅ ဌာနချုပ် မကျဆုံးရေး အသည်းအသန် ကာကွယ်နေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

(ဓာတ်ပုံ AA Info Desk)
0 Shares:
You May Also Like
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် ဗန်းမောက်မြို့မှ စစ်ရှောင်ပြည်သူများကို ဗန်းမောက် ပကဖ ကူညီစောင့်ရှောက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမြောက်မြို့အတွင်း စစ်ပွဲကြောင့် စစ်ရှောင်လာတဲ့ ပြည်သူတွေကို ဗန်းမောက်မြို့နယ် ပကဖ တပ်ဖွဲ့က စက်တင်ဘာလ ၂၅ ရက်မှာ ဆေးကုသပေးပြီး ကူညီစောင့်ရှောက်ထားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စားသောက်ဆိုင်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ-၂၁ က တပ်ကြပ်ကြီးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ (၂၁) က တပ်ကြပ်ကြီး ၁ယောက်ကို စောင့်ကြိုစစ်ဆေးရာ လက်မခံဘဲ ပြန်ခုခံတာကြောင့် နေရာတင် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၁) ထောက်လှမ်းရေး က မောင်းကိုပြောပါတယ်။
Read More

မွန်ပြည်နယ် ကျေးရွာအုပ်စု ၁၄၀ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်ကြေညာ

မွန်ပြည်နယ်က ကျေးရွာအုပ်စုပေါင်း ၁၄၀ မှာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာပါတယ်။ မွန်ပြည်နယ် (၁၀) မြို့နယ်ထဲက မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံမြို့နယ်ကလွဲရင် ကျန်တဲ့ ၇ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေ ကျေးရွာအုပ်စု ၁၄၀ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Read More

မိုးဗြဲကို သာလွန်အင်အားဖြင့် ပြန်လည်ထိုးစစ်ဆင်သည့် စစ်ကောင်စီ အထိနာနေ

ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ မိုးဗြဲဒေသကို စစ်ကောင်စီက သာလွန်အင်အားနဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ရေဦးမှာ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီ ဗုံးကြဲ၊ ဗုံးကျတဲ့နေရာလွဲတာကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွါးနေခြင်းမရှိဘဲ စစ်တပ်က ပေါင် ၁၀၀ ဗုံး (၂) ကြဲချကာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တော်လှန်ရေး ၄ နှစ်တာကာလအတွင်း CDF ဟားခါး ရဲဘော် ၅၂ ဦး ကျဆုံးပြီး ၁၈၃ ဦး ဒဏ်ရာရခဲ့

တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ချင်းပြည်နယ်၊ ဟားခါးမြို့တွင်းနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ရဲဘော် ၅၂ ယောက် ကျဆုံးပြီး ၁၈၃ ယောက်ဒဏ်ရာရခဲ့တယ်လို့ Chinland Defense Force CDF - Hakha Central Council က ဒီနေ့ ထုတ်ပြန်ပါတယ်။