အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားနဲ့သမီးဖြစ်သူ ကိုယ်တိုင်တင်သွင်းခွင့်ရနေတဲ့ လျှပ်စစ်ကားတွေကို အားသွင်းမယ်ဆိုရင် အားသွင်းခတွေကို တိုးမြှင့်ကောက်ခံတော့မယ်လို့ သိရပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်သုံးယာဥ်ပြေးဆွဲ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီက အောက်တိုဘာလ ၁၅ ရက်နေ့ရက်စွဲနဲ့ အားသွင်းခတွေကို တိုးမြှင့်ကောက်ခံတော့မယ်လို့ ထုတ်ပြန်ပါတယ်။

လျှပ်စစ်မီးမမှန်တဲ့ နိုင်ငံမှာ လျှပ်စစ်ကားတွေ တင်သွင်းရမယ်ဆိုပြီး မင်းအောင်လှိုင် စီစဉ်ခဲ့တဲ့ လျှပ်စစ်ကားတွေဟာ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေနဲ့အညီ လျှပ်စစ်သုံးယာဥ် အားသွင်းခကိုလည်း သင့်လျော်တဲ့နှုန်းထားနဲ့ ပြင်ဆင်တိုးမြှင့်ကောက်ခံမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင် သမီးပိုင်ဆိုင်သော ရန်ကုန်မြို့ရှိ EV Charging station များအားတွေ့ရစဥ် (ဓာတ်ပုံ CJ)

အားသွင်းခတွေအဖြစ် EV ခရီးသည်တင်ယာဉ်နဲ့ EV Taxi တွေအတွက် အားသွင်းခနှုန်းထားကို တစ်ယူနစ် ၇၀၀ ကျပ် နဲ့ ကိုယ်ပိုင် EV ယာဉ်တွေအတွက် တစ်ယူနစ် ၇၅၀ကျပ်အထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ သိရပါတယ်။

လက်ရှိ နိုင်ငံတစ်ဝန်း တည်ဆောက်ထားတဲ့ EV Charging Station တွေဟာ မင်းအောင်လှိုင်ရဲ့သမီးဖြစ်သူ ခင်သီရိသက်မွန်က အဓိက လုပ်ကိုင်ခွင့် တည်ဆောက်ခွင့်ရရှိထားတာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ သားနဲ့သမီးဖြစ်သူအပါအဝင် စစ်ကောင်စီနဲ့ဆက်စပ်ပတ်သတ်သူတချို့ဟာ EV ကားတင်သွင်းခွင့်နဲ့ EV Station တွေကို အထူးအခွင့်အရေးအနေနဲ့  တည်ဆောက်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မှော်ဘီက စစ်တပ်လက်အောက်ခံ မြဝတီ အသံလွှင့်ရုံဝန်းထဲ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်တပ်လက်အောက်ခံ မြဝတီအသံလွှင့်ဌာနဝန်းထဲကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိနိုင်ကြောင်း Yangon Army (YA) က သတင်းထုတ်ပြန်ပါတယ်။
Read More

မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးကာ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ ကင်းပုန်းဝပ်ရာက ပြန်တဲ့စစ်​အုပ်စုတွေ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၄ ယောက် ဒဏ်ရာရ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်အုပ်စု ကင်းပုန်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ယောက်သေကာ ၄ ယောက် ဒဏ်ရာရသွားတယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလာသည့် တပ်သား ၂ ဦး တော်လှန်ရေးတပ်များနှင့် ပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်မည် ဟု ဆို

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်ခိုလှုံလာကြောင်း သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း P23801 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်အတွင်း  ၃ ကြိမ် စစ်တပ်လေကြောင်းတိုက်ခိုက်၊ တနင်္သာရီမြို့နယ်မှာ ၂ လနီးပါး တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၇ ဦးထက်မနည်း သေဆုံးခဲ့

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းလုံမြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။