မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းက ဒရုန်းတွေနဲ့ 1KG ဗုံးသီး ၃၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TGYR-Youth Guerrilla Counter Revolution-NZ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံရတဲ့ ပျူစောထီးတွေ အထိနာခဲ့ပြီး အနီးပတ်ကျင်ကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ဆီမီးခုံဆိပ်ကမ်းရှိ အကြမ်းဖက်စစ်တပ်ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ပျူစောထီးတွေရဲ့ သေဆုံးထိခိုက်မှုကို မြေပြင်အခြေအနေအရ အတိအကျမသိရသေးဘူးလို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို TGYR-YouthGuerrillaCounterRevolution-NZ နှင့် အတူ Black Eagle Defence Force-MMU  Wings OF KSE၊ ရေနဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မန္တလေးခရိုင်တပ်ရင်း၅၊  925 (ပြောက်ကျားတပ်ဖွဲ့)၊ မြင်းခြံခရိုင်တပ်ရင်း၆၊ မြင်းခြံခရိုင်တပ်ရင်း ၇ နဲံ ပြည်သူ့အင်အားအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရုရှားနိုင်ငံအရှေ့ပိုင်း ပင်လယ်ပြင်မှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အမေရိကန်နှင့် ဂျပန်မှာ ဆူနာမီသတိပေးချက်များ ထုတ်ပြန် (ရုပ်/သံ)

ဇူလိုင် ၃၀ ရက် ဒီနေ့မနက်ပိုင်းမှာ ရုရှားနိုင်ငံအရှေ့ပိုင်းက ကမ်ချက်ကျွန်းဆွယ်အနီး ပင်လယ်ပြင်ကို ဗဟိုပြုပြီး ပြင်းအား ၈ ဒသမ ၈ မဂ္ဂနီကျုုရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပဲခူးတိုင်း၊ ဇီးကုန်းအနီးမှာ စစ်ကောင်စီစစ်ကြောင်း ၄ရက်ဆက် တိုက်ခိုက်ခံရပြီး အယောက် ၂၀ ထက်မနည်း သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ၄ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း BTZM GBK PDF က တိုက်ပွဲမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၂ ရက် မနေ့ နေ့လည်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့မှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရှိရာ နေရာ ၂ ခုကို တစ်ပြိုင်နက်တည်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေရှိရာ နေရာ ၂ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းဘူးခရိုင်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်အစပ်ရှိ ကျေးရွာတွေကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းရာ အရာရှိအပါ ၁၀ ယောက်ထက်မနည်း သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အောက်တိုဘာ ၁၂ ရက်ကစတင်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  - LLPDF ထံက သိရပါတယ်။