စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နဝရတ်ရွှေဆိုင် ဓားပြမှုနဲ့ ပတ်သက်လို့ ပါဝင်ကျူးလွန်သူ ၃ယောက်ကို ကနဦးဖမ်းဆီးရမိထားတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ဗလ(ခေါ်)သန်းကျော်အေး-(၂၉)နှစ်၊ ဇီးကွက်(ခေါ်)ကျော်ထက် (၂၄)နှစ်နဲ့ ရှမ်းလေး(ခေါ်)ရန်မျိုးနိုင် (၃၇)နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။

ဓားပြမှုကျူးလွန်တဲ့ သံသယရှိသူတွေကို မုံရွာမြို့နယ် ပကဖ (တာဝန်ခံ) ဆရာကျောင်း၊ မုံရွာမြို့နယ် ပလဖ (တာဝန်ခံ)ကိုအာကူးတို့က ဦးဆောင်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၁၆/၃၂/၃၈ စတဲ့အဖွဲ့တွေနဲ့ Local အဖွဲ့တွေ အတူပူးပေါင်းပြီး ဖော်ထုတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ရက်၊ နေ့လည်ပိုင်းက မုံရွာမြို့၊ မြဝတီရပ်ကွက် ၊ မေတ္တာလမ်းသွယ် ၁မှာရှိတဲ့ နဝရတ် စိန်ရွှေရတနာဆိုင်ကို မျက်နှာဖုံးစွပ်သေနတ်ကိုင်ထားတဲ့သူတွေက လုယက်ဓားပြတိုက်ခဲ့ကြတာဖြစ်ပြီး ကျူးလွန်သူတွေထဲအမျိုးသမီးတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့အနေနဲ့ ဓားပြမှုနောက်ဆက်တွဲအရေးယူမှုတွေနဲ့ အမှုမှာ ပါဝင်ပတ်သက်ထားပြီး ဖမ်းဆီးဖို့ကျန်ရှိနေသေးတဲ့ဆက်စပ်တရားခံတွေကို မုံရွာမြို့နယ်ပလဖ Facebook  Page ကနေ ဓါတ်ပုံနဲ့တကွဝရမ်းထုတ် ကြေညာသွားမှာဖြစ်ပြီးအမြန်ဆုံးဖော်ထုတ်ဖမ်းဆီးအရေးယူသွားမယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးနည်းတူ မုံရွာမြို့နယ်မှာလည်း ဥပဒေစိုးမိုးမှုကင်းမဲ့နေပြီး ဓားပြတိုက်၊ လုယက်၊ လူသတ်မှုတွေမကြာခဏဖြစ်ပွားနေရာ ပြီးခဲ့တဲ့ စက်တင်ဘာလ ထဲမှာပဲ နဝရတ်ရွှေဆိုင်လုယက်ခံရတာအပြင် နေရာ၃ခု မှာ ဓားပြတိုက်၊ လုယက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

 

(ဓာတ်ပုံ မုံရွာ ပလဖ)

0 Shares:
You May Also Like
Read More

စစ်ကိုင်းငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ အရေးပေါ် ဖယ်ရှားရမည့် အပျက်အစီး တန်ချိန် နှစ်သန်းခွဲအထိရှိ

အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ ဖယ်ရှားပစ်ရမယ့် အပျက်အစီး တန်ချိန် နှစ်သန်းခွဲအထိ ရှိတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က မနေ့က ဧပြီလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ဝေါမှာ စစ်ကောင်စီတပ်ကင်းကို ချောင်းမြောင်းတိုက်ခိုက်ရာ စစ်သား ၁ ဦးသေ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံရွာမှာ ကင်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ချောင်း​မြောင်းတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်းလာဖို့ နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းမည်ဟု PNFC နှင့် PNLA ပူးတွဲထုတ်ပြန်

ဗမာအပါအဝင် တိုင်းရင်းသား အင်အားစုအားလုံးနဲ့ လက်တွဲကာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်မယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို PDF ရဲဘော်တွေ ကူညီချွေလေ့သိမ်းဆည်းပေးခဲ့

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ရဲဘော်တွေဟာ စိုးမိုးနယ်မြေအတွင်းက ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို ကူညီချွေလေ့သိမ်းဆည်းပေးခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဇူလိုင်လအတွင်း မွန်ပြည်နယ်မှာ ပစ်ခတ်တိုက်ပွဲများဖြစ်ပွား၊ နှစ်ဖက်သေဆုံးမှုများရှိပြီး ပြည်သူများလည်း ထိခိုက်သေဆုံးခဲ့

မွန်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လဂွန်းအိမ်စာစဥ်က မွန်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာထုတ်ပြန်ခဲ့ရာ ဇူလိုင်လမှာ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၆ ယောက်၊ ဒဏ်ရာရသူ ၂ ယောက်နဲ့ ဖမ်းဆီးခံရသူ ၅ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်း(ပကဖ) အမည်ခံပြီး လိမ်လည်အလှူငွေတောင်းနေသူတွေကို ဖော်ထုတ်အရေးယူသွားမည်ဟု ဆို

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နာမည်ခံပြီး လိမ်ညာအလှူခံမှုတွေ ရှိနေတဲ့အတွက် စစ်ဆေးဖော်ထုတ် အရေးယူသွားမယ့်အကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုအောင်ဆန်းက မောင်းကို ပြောပါတယ်။