ပင်လယ်ဓားပြတိုက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ယောက်ကို အာရက္ခဒေသ မောင်တောမြို့ ကျောက်ပန္ဒူကမ်းခြေအနီးမှာ အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်က ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ပေးခဲ့တယ်လို့  အာရက္ခတပ်တော်သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရေလုပ်သား ၁၆ ယောက်ကို အောက်တိုဘာ ၄ ရက်က အမည်မသိလက်နက်ကိုင် အင်အား ၆၀ ခန့်က ဘင်္ဂလားပင်လယ်အော်အတွင်း ဓားပြတိုက်ခဲ့ပြီး မော်တော်ဘုတ်ဝမ်းဗိုက်အတွင်း အစားအစာနဲ့ ရေ မပေးဘဲ ၂ ရက်ခန့် ပိတ်လှောင်ထားခဲ့ကာ အောက်တိုဘာ ၇ ရက်က မောင်တောမြို့ ကျောက်ပန္ဒူကမ်းခြေအနီးမှာ ကမ်းတင်ဖို့ လုပ်ဆောင်နေချိန် အာရက္ခကမ်းစောင့်တပ်က တွေ့ရှိပြီး ကယ်တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လှိုင်သာယာ ချန်းရိ Adidas ဖိနပ်စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးရေး လုပ်သားများ ဆန္ဒပြ (ရုပ်/သံ)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ချန်းရိ Adidas ဖိနပ်စက်ရုံမှာ မေလ ၁၄ ရက်ကစတင်ပြီး လုပ်ခလ စာတိုးမြှင့်ပေးရေး လုပ်သားတွေဆန္ဒပြလျက်ရှိတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ခမရ ၅၉၁ ခြေမြန်တပ်ရင်းကို တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦး သေ (ရုပ်/သံ)

သြဂုတ် ၂၃ ရက် မနက်အ‌စောပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၁ ခြေမြန်တပ်ရင်းကို ၄၀ မမ ဗုံးပစ်လောင်ချာ ၃ လုံး ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း ထိရောက်တဲ့ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ဖို့ “ဧရာအနောက်မြို့တော်သို့” သိန်း ၁၅၀၀ ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း အခြေစိုက်တဲ့ တပ်ဖွဲ့ ၅ ခုကို ထောက်ပံ့ပြီး ထိရောက်တဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ “ဧရာအနောက်မြို့တော်သို့” သိန်း ၁၅၀၀ ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ခမရ ၅၉၈ တပ်ရင်း စခန်းသိမ်းတိုက်ပွဲတွင်ကျဆုံးခဲ့သည့် တောင်ညိုတပ်ရင်း ရဲဘော် ၂ ဦး၏ နောက်ဆုံးခရီး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ  စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့  ရဲဘော် ၂ ယောက်ရဲ့ နောက်ဆုံးခရီးမှတ်တမ်းရုပ်သံကို တောင်ညိုတပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ကြည့်မြင်တိုင်မှာ အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး(ရုပ်/သံ)

ရန်ကုန်တိုင်၊  ကြည့်မြင်တိုင်မြို့နယ် စျေးကလေးရပ်ကွက် ကမ်းနားလမ်းနဲ့ ဗားကရာလမ်းထောင့်မှာ ဇန်နဝါရီ ၆ ရက် မနေ့ ညနေပိုင်းက အမျိုးသား ၁ ယောက်ကို သေနတ်နဲ့ ပစ်ခတ်သွားတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

စစ်ကောင်စီအခြေစိုက်ရာ ယင်းမာပင် စုပေါင်းရုံးကို ဒရုန်းဗုံးသီး ၂၀ကျော်နဲ့ ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကောင်စီ အခြေစိုက်ရာ စစ်ကိုင်းတိုင်း၊ယင်းမာမြို့ကပင် စုပေါင်းရုံးကို ဒရုန်းအလုံးရေ ၂၀ကျော်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ NPDF yinmarbim က ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်ပါတယ်။