အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အောင်ပွဲရ ရဲဘော်တွေကို အောက်တိုဘာလ (၁၀) ရက်မှာ သွားရောက် တွေ့ဆုံ အားပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီခရီးစဥ်အတွင်း NUG ဝန်ကြီး ဦးရည်မွန်ဟာ သိမ်းပိုက်ရရှိထားတဲ့ ပင်လည်ဘူးမြို့ကို ဝင်ရောက် စစ်ဆေးခြင်းနဲ့ လက်နက်ချ အညံ့ခံ ပူးပေါင်းလာတဲ့ စစ်သုံ့ပန်းတွေကိုပါ တွေ့ဆုံခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

(ဓာတ်ပုံ MOD (NUG)

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ ဝင်ငွေရလမ်းများကို ဖြတ်တောက်ပိတ်ဆို့ဖို့ ILO အကြို ကနဦး ဆုံးဖြတ်ချက်အပေါ် အလုပ်သမားအဖွဲ့အစည်းများ ကြိုဆို

စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ပုဒ်မ ၃၃ အရ ပိတ်ဆို့အရေးယူပြီး ဝင်ငွေရလမ်းဖြတ်တောက်ဖို့ အကြိုကနဦး ဆုံးဖြတ်လိုက်တဲ့ အပေါ် ကြိုဆိုတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က ထုတ်ပြန်လိုက်ပါတယ်။  
Read More

PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ် (၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ်(၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု သင်တန်းဆင်းပွဲအခမ်းအနားပုံရိပ်တွေကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၂ ယောက်သေပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။
Read More

စစ်မှုထမ်းမဲပေါက်လို့ စစ်တပ်ထဲ ဝင်ခဲ့ရသည့် တပ်သား ၃ ဦး ထွက်ပြေးလွတ်မြောက်လာ

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ နေထိုင်တဲ့ အမျိုးသား ၃ ယောက်ဟာ စစ်မှုထမ်းအတွက် မဲပေါက်ပြီး စစ်တပ်ထဲ ပို့ဆောင်ခံခဲ့ရပေမယ့် အခုတော့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သား ၂ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့ ထုတ်ပြန်ပါတယ်။ တီးတိန်မြို့ရှိ ခလရ ၂၆၉ ကာကွယ်ရေးတပ်က ၂၃ နှစ်အရွယ်ရှိ စစ်ကောင်စီတပ်သား ၂ ယောက်က ဧပြီ ၇ ရက် မနေ့က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာဖြစ်တယ်လို့ PDF Zoland က မှတ်တမ်းဓာတ်ပုံနဲ့အတူ ထုတ်ပြန်ထားပါတယ်။