မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ် ၃၁၈ ကို အောက်တိုဘာ ၈ ရက်မှာ SDDF Missile Team က ထုတ်လုပ်တဲ့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF Southern Military Region အဖွဲ့ထံကနေ သိရပါတယ်။

အမြောက်တပ်ရဲ့ လက်နက်တိုက်၊ လက်နက်ကြီးအထိုင်စခန်းနေရာနဲ့ တခြားအဆောက်အအုံနေရာတွေ ထိမှန်ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ယောက်သေကာ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနတပ်ရင်း တပ်ခွဲ ၂၊ တပ်ခွဲ ၄၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(KBDF)၊ Saw Dragon Drone Force -SDDF(ဒရုန်းအထူးတပ်ဖွဲ့)၊ မွန်ပြည်တော်လှန်ရေးတပ်-(MSRF)၊ မွန်ပြည်ကာကွယ်‌ရေးတပ်-(MSDF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး-(NMSP-AD) နဲ့ Ye Air Force (YAF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) တပ်ရင်း ၁၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း(T5)နဲ့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး(DDPDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

?
0 Shares:
You May Also Like
Read More

ပုလဲမြို့ပေါ်မှာ တိုက်ပွဲကြား ပိတ်မိနေတဲ့ ပြည်သူ ၂၀၀ ကျော်ကို ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးတွေ ကြဲချနေတဲ့ကြားက မြို့အတွင်း ပိတ်မိနေတဲ့ ပြည်သူ ၂၀၀ ကျော်ကို ဒီနေ့ နိုဝင်ဘာ ၁၃ ရက်မှာ ကျားသစ်နက်တပ်မတော် စစ်ဦးစီး ကိုကိုနိုင်  ဦးဆောင်ကာ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ဆောင်နန်းခဲကျေးရွာတိုက်ပွဲမှတ်တမ်း (ရုပ်/သံ) 

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA နဲ့ အင်းလေး PDF တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Battalion 1009:Inle People's Defence Force-IPDF က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့ပေါ်မှာ စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြိုပေါ်ရှိ အကြမ်းဖက်စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတဲ့ နေရာတွေမှာ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သထုံခရိုင် အမှတ်(၁) PDF တပ်ရင်းကို ပြည်ပရောက်မြန်မာတွေက စောင်တွေလှူဒါန်း (ရုပ်/သံ)

သထုံခရိုင် အမှတ် ၁ PDF တပ်ရင်းမှာ ရဲဘော်တွေ အမှန်တကယ်လိုအပ်နေတဲ့ စောင်တွေကို ထောက်ပို့ပံ့ပိုးကူညီပေးကြတဲ့ ပြည်ပက အမည်မဖော်လိုတဲ့ ထောက်ပို့ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်း အဆိုပါ တပ်ရင်းက ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။
Read More

မန္တလေးPDF ရဲဘော်များက လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစကားပြောကြား (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ရင်းဌာနအသီးသီးရှိ စစ်သည်စစ်မေများက လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် အမှတ်တရ ဆုတောင်း စကားများ ပြောကြားခဲ့ကြပါတယ်။
Read More

သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ်(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ (ရုပ်/သံ)

သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ်(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့ မှ ထုတ်ပြန်လိုက်ပါတယ်။