ထိုင်းနိုင်ငံ၊ ချင်းရိုင်ရဲ့ မယ်ဆိုင်ခရိုင်မှာ ရေကြီးရေလျှံမှု အခြေအနေကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် မယ်ဆိုင်မြစ်ကြောင်းတလျှောက် တရားမဝင် ကျူးကျော်အိမ်ရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းအစိုးရက မြန်မာ(စစ်ကောင်စီ)နဲ့ ဆွေးနွေးသွားမယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ပြောဆိုထားပါတယ်။

ရေပြန်ကျသွားချိန်မှာ ရပ်ရွာအတွင်း ရွှံ့အလွှာတွေ ဖုံးလွှမ်းခဲ့ရလောက်တဲ့အထိ အဆိုပါခရိုင်အတွင်း ရေကြီးရေလျှံမှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုလို ဆွေးနွေးမှုတွေကို လုပ်ဆောင်လာတာဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မြန်မာ(စစ်ကောင်စီ)နဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖို့ အောက်တိုဘာလ ၁၅ ရက် အင်္ဂါနေ့မှာ တွေ့ဆုံမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ Mr Phumtham ကပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်က နိုင်ငံတကာသဘောတူညီမှုစာချုပ်များနဲ့ ဥပဒေရေးရာဌာန (Department of Treaties and Legal Affairs) နဲ့ ထိုင်းတော်ဝင်လေတပ်တို့က မြန်မာ (စစ်ကောင်စီ) နဲ့ ဆွေးနွေးပွဲတွေ စလုပ်ဖို့ ညှိနှိုင်းထားပြီးဖြစ်ကြောင်း သူက ဆိုပါသေးတယ်။

မယ်ဆိုင်မြစ်မှာ ရေစီးရေလာကောင်းမွန်စေရေးနဲ့ အနာဂတ်မှာ ရေကြီးမှုအန္တရာယ်ကို လျှော့ချဖို့အတွက် မြစ်ကြောင်းနှစ်ဖက်က ကျူးကျော်တဲတွေကို ဖျက်သိမ်းဖို့ လိုအပ်ကြောင်း Mr Phumtham ကပြောပါတယ်။

ဒါ့အပြင် ကျူးကျော်နေထိုင်ကြတဲ့ လူမှုရပ်ရွာအသိုင်းအဝိုင်းတွေကိုလည်း နေရာရွှေ့ပြောင်းဖို့လိုကြောင်း သူက မှတ်ချက်ပြုပါတယ်။

အဆိုပါဒေသခံတွေကို နေရာပြောင်းရွှေ့ချထားရာမှာ မြေယာသိမ်းယူမှုတွေရှိနိုင်မလားဆိုတဲ့ မေးခွန်းမေးမြန်းရာမှာ နေရာပြောင်းရွှေ့ချထားခြင်းက တခြားနည်းလမ်းမရှိမှ နောက်ဆုံးအဖြစ် ထည့်သွင်းစဉ်းစားမယ်လို့ သူက ဆိုပါတယ်။

ချင်းမိုင်မှာ လူငါးယောက် သေဆုံးခဲ့တဲ့ ဒုတိယအကြိမ် ရေကြီးမှုအပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကူညီဖို့ လုပ်သား ၇၀၀ ကျော်ကို စေလွှတ်ထားကြောင်းလည်း သိရပါတယ်။

မူရင်းFlood talks to be held with Myanmar

(ဓာတ်ပုံ Bangkok Post)
0 Shares:
You May Also Like
Read More

သန္တာကျောက်တန်းများ ဝင်တိုက်ခဲ့သည့် မြန်မာစက်လှေကို ထိုင်းဘက်မှ ဘတ် ၁၂ သန်း လျော်ကြေးတောင်း

ထိုင်းနိုင်ငံ၊ ဆူရင်ကျွန်း အမျိုးသားဥယျာဉ်က သန္တာကျောက်တန်းတွေကို ဝင်တိုက်ခဲ့တဲ့ မြန်မာကုန်တင်စက်လှေ ပိုင်ရှင်ကို ထိုင်းဘက်က နစ်နာကြေးအဖြစ် ဘတ်ငွေ ၁၂ သန်း တောင်းခံထားကြောင်း Khaosod သတင်းမှာ ဖော်ပြထားပါတယ်။
Read More

မြန်မာငလျင် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုးဟပ်စက်ရုပ်တွေ စင်္ကာပူအသုံးပြု

လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့တဲ့ မြန်မာ့ငလျင်ဘေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စင်္ကာပူက ပိုးဟပ်စက်ရုပ်တွေကို အသုံးပြုခဲ့တယ်လို့ The Straits TImes သတင်းမှာ ဖော်ပြပါတယ်။
Read More

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးကို ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယား သမ္မတယွန်းဆွတ်ယိုးကို ဇန်နဝါရီလ ၁၅ ရက် ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံ အကျင့်ပျက်ခြစားမှု စုံစမ်းအရေးယူရေးရုံးက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
Read More

ဖူးခက်တွင် မြန်မာအမျိုးသားတဦး ဓားထိုးခံရပြီး သေဆုံး

ထိုင်းနိုင်ငံ၊ ဖူးခက်က ပတောင်မြို့မှာ အောက်တိုဘာလ ၃ ရက်နေ့က ခိုက်ရန်ဖြစ်ပွားမှုတခု ဖြစ်ပွားခဲ့ပြီး မြန်မာအမျိုးသားတယောက် ဓားထိုးခံရလို့ သေဆုံးသွားခဲ့ပါတယ်။
Read More

ဆန်ဖရန်စစ္စကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် တရုတ်အစိုးရအား ဆန့်ကျင်ဆန္ဒပြ

“China’s Policy Burma’s Mystery!” ၊ “မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၅၆ ကြိမ်မြောက် စဉ်ဆက်မပြတ် ဆန်ဖရန်စစ္စကို လူထုသပိတ်တိုက်ပွဲကို မေလ ၁၇ ရက် မနေ့က အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Read More

အကူအညီတွေ ဖြတ်တောက်မှုနောက် မြန်မာပြည်ရဲ့ ငတ်မွတ်မှု သိသိသာသာ မြင့်တက်လာ

ပြည်တွင်းစစ်ကာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကူအညီတွေဖြတ်တောက်မှု လုပ်ဆောင်ချက်အပြီးမှာ မြန်မာပြည်ရဲ့ ပဋိပက္ခဒဏ်အခံရဆုံး ဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ငတ်မွတ်ခေါင်းပါးမှု သိသိသာသာ မြင့်တက်လာတာကိုတွေ့ရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ်လ ၁၂ ရက်မှာ ပြောပါတယ်။