ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃) နဲ့ (၅၀၄) စခန်းတို့ကို တအာင်းတပ်မတော် TNLA တိုက်ခိုက်သိမ်းပိုက်ချိန် ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင် (၁၉၁) ယောက်ကို အောက်တိုဘာလ ၁၂ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၆ ရက်မှာ သီပေါမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ (၅၀၃) တပ်စခန်းကို TNLA သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်းအတွင်းရှိ  အိမ်ထောင်စု(၃၈)စုက ကျား(၁၁) ယောက်၊ မ (၄၈) ယောက်နဲ့ ကလေး (၄၃) ယောက် စုစုပေါင်း တပ်မိသားစုဝင် (၁၀၂) ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၇ ရက်က စစ်ကောင်စီရဲ့ (၅၀၄)တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီတပ်စခန်းအတွင်းရှိ အိမ်ထောင်စု(၃၄)စုက ကျား(၁၆) ယောက်၊ မ (၃၉) ယောက်နဲ့ ကလေး (၃၄) ယောက် စုစုပေါင်း တပ်မိသားစုဝင် (၈၉) ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အောက်တိုဘာလ ၁၂ ရက်မှာတော့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အဲ့ဒီဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ တပ်မိသားစုဝင်တွေ ပြန်လွှတ်ပေးခဲ့ပြီး ကား ()စီးနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သီပေါမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ ခြေလျင်တပ်ရင်းခလရ ၂၃ တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က အောက်တိုဘာလ ၁၂ ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

 

(ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်မှုများအတွက် အလှည့်ဆိုတာ ရှိစမြဲဟု TNLA ဗိုလ်ချုပ် တားဘုန်းကျော် ပြော

တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ရာ မြို့ရွာတွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုတွေအတွက် အလှည့်ရှိလာမယ်လို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က လူမှုကွန်ရက်ကတဆင့် ရေးသားပြောဆိုလိုက်ပါတယ်။
Read More

အမေရိကန်ရောက် မြန်မာတွေရဲ့ တရုတ်အစိုးရကို ကန့်ကွက်ရှုတ်ချပွဲ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရောက် မြန်မာလူမျိုးတွေက လက်ရှိ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့မှာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို  ပြီးခဲ့တဲ့ နိုဝင်ဘာ (၈) ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ တညောင်ဓာတ်အားခွဲရုံကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ် အရာရှိ ၂ ဦးနှင့် စစ်သား ၃၀ ဦးကျော် သေဆုံး

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အင်အား ၈၀ ခန့်နဲ့ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ တညောင်ဓာတ်အားခွဲရုံကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က အရာရှိ ၂ ယောက်နဲ့ စစ်သား အယောက် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စက်တင်ဘာလအတွင်း ထီးလင်းမြို့နယ် ကျေးရွာများကို စစ်အုပ်စု ၈ကြိမ်ထက်မနည်း အင်အားပြ စစ်ကြောင်းထိုးခဲ့

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဟန်ရေးပြ စစ်ရေးလှုပ်ရှားတဲ့အနေနဲ့ စက်တင်ဘာလ တစ်လအတွင်း ကျေးရွာတွေကို ၈ကြိမ်ထက်မနည်း အင်အားပြ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဧရာဝတီတိုင်းထဲက ရဲစခန်းတွေ စခန်းတစ်ခုကို ရဲ ၅ယောက်နှုန်း ရခိုင်နယ်စပ် ပို့ပေးနေရ

ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို တိုင်းရဲမင်းကြီးအမိန့်နဲ့ ရခိုင်နဲ့ထိစပ်ရာ ဒေသတွေဆီ ပို့ပေးနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

လက်ပံတန်း ကျောက်တွင်းရွာလမ်းဆုံ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဂိတ်စခန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးရိုးမ PDF - ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။