မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သုံးခွကျေးရွာအနီးမှာရှိတဲ့ PDF ဂိတ်စခန်းတစ်ခုကို လမ်းမှားဝင်သွားတဲ့ စစ်ဗိုလ်လင်မယား ၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

အဲဒီ စစ်ဗိုလ်လင်မယား ၂ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့၊ မနက်ပိုင်းမှာ သိမ်ဇရပ်မြို့ကနေ သိမ်ဇရပ်မြို့အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ဆီကို အိမ်စီးကားနဲ့ ထွက်ခွာလာပြီးနောက်မှာ PDF ဂိတ်ကိုလမ်းမှားဝင်မိပြီးအခုလိုဖမ်းဆီးခံလိုက်ရတာပါ။

(ဓာတ်ပုံ အင်တာနက်)

သူတို့က PDF ဂိတ်ကို လာပြီးတော့ အမြောက်တပ်ကို ဘယ်လိုသွားရမလဲလို့ လမ်းလာမေးတာ။ အဲ့မှာ အကုန်လုံးဝိုင်းပြီး စစ်ဆေးဖမ်းဆီးလိုက်တာ ဟုတ်ပါတယ်။လို့ PDF တပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူတစ်ယောက်ကမောင်းကိုပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့လင်မယား၂ယောက်မှာအမျိုးသားဖြစ်သူကဗိုလ်ဟိန်းဇေယျာဦးဖြစ်ပြီးအမျိုးသမီးဖြစ်သူကတော့သူနာပြုတစ်ယောက်ဖြစ်တယ်လို့ကနဦးသိရပါတယ်။

(ဓာတ်ပုံ အင်တာနက်)

စစ်ဆေးမှုတွေလုပ်ချိန်မှာ စစ်ဗိုလ်လင်မယား စီးလာတဲ့ ကားထဲကနေ သေနတ်တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ယူနီဖောင်းတစုံနဲ့ စာရွက်စာတမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ပြီး အဲဒီ စစ်ဗိုလ်လင်မယားကို ကရင့်အမျိုးသားအစည်းအရုံး (KNU) ထံ လွှဲပြောင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ အင်တာနက်)
0 Shares:
You May Also Like
Read More

တိုက်ပွဲတွင် အထိနာသွားသည့် စစ်အုပ်စု ပြည်သူနေအိမ် ၇၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာ စစ်တပ်ဘက်က အထိနာခဲ့ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

ရေဘေးသင့် ဒေသတွေကို ကူညီဖို့ အမေရိကန်က ဒေါ်လာသုံးသန်းထပ်မံ ထောက်ပံ့

နိုင်ငံတစ်ဝန်းက ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် အမေရိကန်က ဒေါ်လာသုံးသန်း ထပ်မံ ထောက်ပံ့ကူညီလိုက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ကရင်နီ အမျိုးသားလူငယ်အစည်းအရုံးက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်

ကရင်နီအမျိုးသားလူငယ်အစည်းအရုံးက ကရင်နီပြည် နယ်စပ် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ Karenni National Youth Organization- KNYO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုတွင် ရွေးကောက်ပွဲအတုကို ကာကွယ်ရန် ထွက်လာသည့် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တစ်နေ့တည်း ထိတွေ့တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွား၊ စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးကာ လာလမ်းအတိုင်း ပြန်ဆုတ်သွား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ လုပ်ဆောင်မယ့်ရွေးကောက်ပွဲအတုအတွက် စစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ တစ်ရက်တည်း ထိတွေ့တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ Southern Eagle PDF က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီတွင် အပိုင်းအစများ ဖြစ်သွားသည့် စစ်ကောင်စီ၏ တိုက်လေယာဥ်

အကြမ်းဖက်စစ်ကောင်စီက ပျောက်ဆုံးကြောင်း ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး အဲဒီလေယာဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ကို ဆေးဝါးမလုံလောက်မှုများကြားမှ ခက်ခက်ခဲခဲ ကုသနေရ

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိ‌သူ အယောက် ၁၀၀ ကျော်အတွက် ဆေးဝါး၊ ကိရိယာ လုံလောက်မှုမရှိတဲ့ အခက်အခဲတွေကြားထဲကနေ CDM ကျန်းမာရေးဝန်ထမ်းတွေက အကောင်းဆုံးကုသပေးနေကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။