ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်း() ရွှေမန်းဆိုသူ နဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရပြီး အရေးပေါ်ကုသနေရကြောင်း Golden Valley  Warriors အဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၁၃ရက်၊ ဒီနေ့မနက် အစောပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးရုံးကနေ ပြန်လာတဲ့ ကျော်သူဝင်း() ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ကို Golden Valley  Warriors အဖွဲ့ဝင်တွေက အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ အင်တာနက်)

အနီးကပ်ပစ်ခတ်ခဲ့မှုကြောင့် ကျော်သူဝင်း () ရွှေမန်းမှာ ဝဲရင်ဘတ်ဖောက်ဝင် ဒဏ်ရာ ၂ ချက်နဲ့ ဝဲလက်ဖဝါးဖောက်ဝင် ဒဏ်ရာ၁ချက်တို့ ရရှိခဲ့ပြီး ကိုယ်ရေးအရာရှိကတော့ ဦးခေါင်းဖောက်ဝင် ဒဏ်ရာ ၂ ချက် ရရှိကာ လူနာတင်ယာဉ် ၂ စီးနဲ့ ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။

ကျော်သူဝင်း နဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိကို သေချာပစ်ခဲ့ပါတယ်။ ဒီအထိ အတည်ပြုလို့ရပါတယ်လို့ Golden Valley Warriors တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်ဖြစ်တဲ့ ကျော်သူဝင်း() ရွှေမန်းဟာ အခုနှစ်(၂၀၂၄) အတွင်း သူ့ရဲ့ စီးပွါးရေးအင်ပါယာကို ချဲ့ထွင်နိုင်ခဲ့ပြီး စစ်ဘက်အရာရှိတချို့နဲ့ တရုတ်နိုင်ငံသားလုပ်ငန်းရှင်၁ယောက် ငွေကြေးထည့်ဝင်ထားတဲ့ ရွှေမန်းအိမ်ခြံမြေလုပ်ငန်းအပါအဝင် စားသောက်ကုန်လုပ်ငန်း၊ ရေသန့်စက်ရုံ ၊ Convenient store တွေနဲ့ တဟုန်ထိုးကြီးပွါးချမ်းသာလာသူဖြစ်တယ်လို့လည်း သိရပါတယ်။

(ဓာတ်ပုံ အင်တာနက်)

ကျော်သူဝင်း() ရွှေမန်းဟာ လှိုင်သာယာမြို့နယ်အတွင်းက လူငယ် အယောက် ၈၀၀ ကျော်ကို စစ်ကောင်စီထံ စာရင်းပေးပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့သလို မဝင်မနေရ စစ်မှုထမ်းစနစ်အတွက် စက်ရုံအလုပ်သမားတွေကို အတင်းအဓမ္မ စစ်တပ်ထဲစေလွှတ်တာတွေလုပ်ဆောင်ခဲ့ပြီး မြို့နယ်အတွင်းက ကျူးကျော်တွေကိုလည်း အင်အားသုံးဖယ်ရှင်းခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းထဲက စစ်မှုထမ်းဦးရေ အများဆုံးထုတ်ပေးတဲ့ မြို့နယ်တွေစာရင်းမှာ လှိုင်သာယာမြို့နယ်ဟာ ထိပ်ဆုံးကပါဝင်နေပြီး ဒီဖြစ်စဥ်တွေအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်အတည်ပြုတာလို့ သိရပါတယ်။

ဒီလိုမျိုး နာမည်ဆိုးနဲ့ကျော်ကြားပြီး လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ အကြီးအကဲဖြစ်နေတဲ့ ကျော်သူဝင်း() ရွှေမန်းကို ပြည်သူတွေရဲ့ တိုင်တန်းချက်အရ အခုလို ပစ်ခတ်ရှင်းလင်းလိုက်တာလို့လည်း Golden Valley Warriors အဖွဲ့က ထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ ပစ်ခတ်မှုဖြစ်ပွါးတဲ့ ပတ်ဝန်းကျင်အပါဝင် လှိုင်သာယာမြို့နယ်ထဲမှာ လုံခြုံရေးတင်းကြပ်ပြီး လမ်းပိတ်စစ််ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ကျော်သူဝင်း (ခ) ရွှေမန်း (ဓာတ်ပုံ အင်တာနက်)
ပစ်ခတ်ရှင်းလင်းခံရတဲ့ ကျော်သူဝင်း (ခ) ရွှေမန်း (ဓာတ်ပုံ အင်တာနက်)
0 Shares:
You May Also Like
Read More

လက်ပံတောင်းတောင်ဒေသ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းထိုးလို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရ

စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ချင်းတွင်းမြစ်အနောက်ဘက်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရကြောင်း သိရပါတယ်။
Read More

ချောက်မှာ အကြမ်းဖက်စစ်တပ်က မြေပြင်ဝေဟင် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလို့ အရပ်သား ၂သောင်းကျော် ထွက်ပြေးနေရ၊ တိုက်ပွဲအတွင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ ကျဆုံးခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံးကာ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရေဖြူမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်းတွေနဲ့ ခမရ ၄၀၇ တပ်ရင်းကို ဒရုန်းနဲ့ ၂ ရက်တာ ဗုံးကြဲမှု စစ်တပ်ဘက်က ၁၀ ယောက် သေ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို ဒရုန်းနဲ့ ၂ ရက်တာ ဗုံးကြဲတိုက်ခိုက်မှုမှာ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၁၀ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေါနတပ်ရင်း၊ တပ်ခွဲ - ၆ (ဝေဟင်တပ်ဖွဲ့)က သတင်းထုတ်ပြန်ပါတယ်။
Read More

ပြည်ပသွင်းကုန်များ လျှော့ချကာ စိုက်ပျိုးရေးဖြင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

ပြည်ပကနေ တင်သွင်းနေသမျှ ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှလျှော့ချပြီး စိုက်ပျိုးရေးနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

၆ လတာအတွင်း အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှု ၆ ဆ နီးပါးမြင့်တက်လာ

ပြီးခဲ့တဲ့  ၆လတာ ကာလအတွင်း အာဏာသိမ်းစစ်တပ်က အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုက ၆ ဆအထိ မြင့်တက်လာကြောင်း ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀၀ ပြုလုပ်ထားပြီး လူပေါင်း ၄၄၇၀ သေဆုံးခဲ့ကြောင်း NUG ထုတ်ပြန်

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၂၀၀ လုပ်ဆောင်ထားပြီး အဆိုပါ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄ ထောင်ကျော် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။