တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်မှာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၁ ညနေပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ Dawei National Libration Army ထံက သိရပါတယ်။

MA-3 သေနတ် ၃ လက်၊ 7.62 ကျည် ၁၂၀ တောင့်၊ 5.56 ကျည် ၆၀၀ တောင့်၊ ကျည်ဘောက် ၅ ခု၊ ဓား ၁ လက်၊ စကားပြောစက် ၁ လုံး၊ 79 သီး ၆ လုံး၊ အီနာဂါဗုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ကိုင်ဖုန်း ၂၊ ကျည်ကာပြား ၁ ခု၊ အီကွေမန် ၁ ခု၊ ဒရုန်း ၁ စင်း၊ 12 V ဘက်ထရီငယ် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၊ ရေဖြူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့နဲ့ ကျားသစ်နက်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းမူမြို့နယ် မြောင်လမ်းခွဲမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြောင်လမ်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ပို့ရဟတ်ယာဉ် ၁ စီးကို ပစ်ချခဲ့ဟု Battalion Of Budalin ဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကန့်ဘလူ တပ်ရင်း ၆၀၀၆ မှ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကိုလာတဲ့ ထောက်ပို့ရဟတ်ယာဉ် ၁ စင်းကို ပစ်ခတ်ခဲ့တယ်လို့ Battalion Of Budalinမှ ဒီကနေ့မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဗန်းမော်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့မကျစေရေး လေကြောင်းကနေ အသည်းအသန်ခုခံနေ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့အနီးမှာ ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းက စတင်ပြီး KIA နဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ပြီး မြို့မကျစေရေး ခုခံနေတယ်လို့ သိရပါတယ်။
Read More

ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်၊ စစ်သား ၃ ယောက် ဒဏ်ရာရပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း ‌‌တောင်ငူခရိုင် ဖြူးမြို့နယ် ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် ဒဏ်ရာရရှိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ တယ်လို့ ဖြူးမြို့နယ်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြစ်ကြီးနားတွင် ဧရာဝတီ မြစ်ရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရ (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့ အမှတ် (၂) ဂိတ်စခန်းရှိ အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့ အမှတ် (၂) ကျောင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။