ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းတည့်အချိန်မှာ သီပေါမြို့ ဇာတ်စုရပ်ကွက်နဲ့ သီပေါအကျဉ်းထောင်အတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုကို ဦးတည်ကာ ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်းလက်နက်အမျိုးအစားဖြစ်တဲ့ ပေါင် (၅၀၀)ဗုံး (၃)လုံး လာရောက်​ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထောင်အဆောက်အဦးနဲ့ လူနေအိမ် (၇)လုံးကျော် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ခလရ-၂၃ တပ်အနီးတစ်ဝိုက်မှာလည်း အောက်တိုဘာလ ၁၁ ရက် မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးအလုံး (၄၀) နီးပါး၊ နေ့လယ်ပိုင်းမှာ ဗုံးအလုံး (၄၀)ကျော် လာရောက်ကြဲချခဲ့ပြီး နမ့်လန်အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး (၁၀) လုံးကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ နောင်ချိုမြို့နယ်၊ အင်းဖိုကျေးရွာကိုလည်း အောက်တိုဘာလ ၉ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းမှာလည်း ဘန့်ဘွေရှိ စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး လူနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ပြည်သူလူထု အသက်အိုးအိမ်တွေ သေကြေပျက်စီးစေအောင် စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေမှာ နေ့စဥ် လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးတပ်များ ဖမ်းမိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်က စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဒီဇင်ဘာ တတိယပတ်အတွင်း အလင်းဝင်သူနှင့် စစ်သုံ့ပန်း စစ်သားစုစုပေါင်း အယောက် ၂၀ ရှိခဲ့

ဒီဇင်ဘာလ တတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကော်မရှင်အဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း အယောက် ၂၀ ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ် ပြင်းဖြူရွာကို စစ်အုပ်စု ဝင်ရောက်မွှေနှောက်ပြီး PDF နေအိမ်လို့ထင်တဲ့ အိမ် ၁ လုံး မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြင်းဖြူရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မွှေနှောက်ခဲ့ပြီး PDF တွေရဲ့ နေအိမ်လို့ သူတို့ ယူဆတဲ့ အိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီ လက်နက်ချခဲ့တဲ့ နန်တိန်းမင် စခန်းသိမ်းတိုက်ပွဲနေ့ကို  ပြန်လည်ထူထောင်ရေးနေ့အဖြစ် MNDAA သတ်မှတ်

MNDAA က ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်ဒေသက နန်တိန်းမင် တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကို ပြန်လည်ထူထောင်ရေးနေ့အဖြစ် သတ်မှတ်လိုက်တယ်လို့ မနေ့က ဇန်နဝါရီလ ၅ ရက်နေ့မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်ပါတယ်။
Read More

ရဲတပ်ဖွဲ့ဝင် အချင်းချင်းစကားများရာက ရဲတပ်ကြပ်ကြီးအဆင့်ရှိသူက ဓားနဲ့ထိုးလို့ ဒုရဲမှူးအဆင့်သေဆုံးပြီး အရာရှိ ၂ယောက် ထိခိုက်ဒဏ်ရာရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ တိုင်းသတင်းရဲတပ်ဖွဲ့ဝင် အချင်းချင်းစကားများရာက တပ်ကြပ်ကြီးအဆင့်ရှိတဲ့ ရဲက ဓားနဲ့ထိုးလို့ တိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးအဆင့် သေဆုံးပြီး ရဲအရာရှိ​ ၂ယောက်ပါ ဓားဒဏ်ရာတွေ ရရှိသွားကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ တိုင်စာကိစ္စကြောင့် အငြင်းပွားစကားများရာကနေ အခုလို အချင်းချင်း ဓားထိုးမှု ဖြစ်ပွါးခဲ့ပြီး ဒုရဲမှူးအဆင့်ရှိသူ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
Read More

ရေနံချောင်းနယ်ဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦး သေဆုံး

မကွေးတိုင်း ၊ ရေနံချောင်းမြို့နယ်ထဲကို အင်အားအများအပြား နဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုမိုင်းဆွဲခံရတဲ့အတွက် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ People's Defence Force -Yenangyaung (YNG-PDF) တပ်ဖွဲ့ဆီက သိရပါတယ်။