ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်ကနေ ထောင်ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားအပါအဝင် တခြားအကျဉ်းသား အားလုံး ပုသိမ်ထောင်ကို ရောက်ရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက် ညနေပိုင်းမှာ နိုင်ငံရေးအကျဉ်းသားနဲ့ တခြားအကျဉ်းသားတွေ အပါအဝင် ၃၅၁ ယောက် ပုသိမ်ထောင်ကို ရောက်ရှိလာကာ စာသောက်နေထိုင်ရေး ခက်ခဲလျက်ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို ကူညီထောင်ပံ့လိုလျှင် PPNM ကနေတစ်ဆင့် ငွေကြေးပျောက်ဆုံးမှုမရှိစေဘဲ ထိရောက်စွာ ကူညီပေးနိုင်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
PPNM က “ငါတို့မှာငါတို့ပဲရှိတယ်ဆိုသည့် စကားလုံးသည် စကားလုံးအဖြစ် ရှိနေရုံမဟုတ်ပဲ လက်တွေ့လုပ်ဆောင်ကြခြင်းဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ၊ LGBT+ များနှင့် အသက်မပြည့်သေးသည့် လူငယ်များကိုလည်း ကူညီနိုင်ပါသည်။” ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

မှော်ဘီလေတပ်စခန်း အရာရှိ လင်မယားချင်း စကားများပြီး မိန်းမကို သေနတ်နဲ့ပစ်သတ်ကာ ခိုးချောင်ခိုးဝှက် နာရေးလုပ်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးက သမာဓိ ၁ လမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ပိုင်းလော့ ဗိုလ်ကြီးအဆင့်ရှိသူဟာ လင်မယားချင်း စကားများရာကနေ ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ဇနီးဖြစ်သူရဲ့ နာရေးကိုလည်း တိုးတိုးတိတ်တိတ် ခိုးလုပ်ခဲ့ကြောင်း မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

လူငယ် ၈၀၀၀ ကျော်ကို ဖမ်းဆီးထားကာ ထောင်နှင့်ချီ သတ်ဖြတ်ထားသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်ကဏ္ဍ အရေးကြီးကြောင်း ပြော

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း လူငယ်လူရွယ် ၂၀၀၀ ကျော်ကို သတ်ဖြတ်ပြီး လူငယ် ၈၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်တည်ဆောက်ရေးမှာ လူငယ်အခန်းကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

ICC အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ ICC ဖမ်းဝရမ်းကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီ တုံ့ပြန်

နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုချက်အပါအဝင် ICC ပြောဆိုချက်တွေကို ICC အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံက ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူးလို့ စစ်ကောင်စီက တုံ့ပြန်ပြောဆိုထားပါတယ်။
Read More

နောင်ချိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က မနေ့က တစ်ရက်အတွင်း လေကြောင်းဖြင့် ဗုံး (၁၃၀)လုံး၊ ဒရုန်းဖြင့် ဗုံး (၆၀) လုံးနှင့် လက်နက်ကြီး (၅၃) လုံး ပစ်ကူတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်အော၊ လက်ပန်ကုန်း၊ ရွှေသွန်း၊ မျက်ချီးနု၊ လုံစံ၊ ကုန်းသာ၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြားတို့မှာ တိုက်ပွဲဖြစ်နေချိန် ဇွန်လ (၂၄) ရက် မနေ့က တစ်ရက်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးအလုံး (၁၃၀)၊ ဒရုန်းနဲ့ ဗုံးအလုံး (၆၀)၊ လက်နက်ကြီး (၅၃) လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဘေးကူညီချင်တဲ့ သန့်ဇင်ရဲ့ဆန္ဒကို ဂျပန်ဖိုက်တာ တာကဲရု ဖြည့်ဆည်းပေးမယ်

ရိုးရာဖိုက်တာ သန့်ဇင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဂျပန်ဖိုက်တာ တာကဲရုက မြန်မာပြည်ရေဘေးအတွက် အလှူငွေ လှူဒါန်းသွားမယ်လို့ Bangkok Post မှာ ရေးသားဖော်ပြလာပါတယ်။
Read More

စလင်းနှင့် ဆင်ဖြူကျွန်းတွင် စစ်တပ် လေကြောင်းဗုံးကြဲကာ စစ်ကြောင်းထိုးမှုကြောင့် အရပ်သား ထောင်နှင့်ချီ တိမ်းရှောင်နေရ

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း စလင်း၊ ဆင်ဖြူကျွန်းနဲ့ ပွင့်ဖြူမြို့နယ်တွေမှာ စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။