မကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်ကာလတွေမှာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်း အန္တရာယ်ရှိနေလို့ လူစုလူဝေးနဲ့ ပွဲလန်းသဘင်တွေ မပြုလုပ်ဖို့ အာရက္ခတပ်တော် AA က သတိပေးတိုက်တွန်းပြောကြားလိုက်ပါတယ်။
AA က ရခိုင်ပြည်နယ်တခွင်လုံး စစ်ကောင်စီကင်းစင်ဖို့ မြို့သိမ်းတိုက်ပွဲတွေ အပြင်းအထန်ဆင်နွဲနေချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာနိုင်တာကြောင့် ပြည်သူတွေ သတိပေးတိုက်တွန်းလိုက်တာပါ။
AA က တစ်ရွာနှင့်တစ်ရွာ/မြို့ထက်တွင် ဆောင်းဘောက်စ်များဖွင့်လှစ်ပြီး အလူအများအပြား တင်ဆောင်ကာ သွားလာခြင်း၊ ဇာတ်သဘင်၊ စတိတ်ရှိုး၊ အလှူအတန်းပွဲများ၊ လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဆူညံ့ခြင်း စသဖြင့် မပြုလုပ်ရဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်နေတဲ့ သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများအနေနဲ့လည်း မိမိကိုယ်တိုင် တသွေမတိမ်း လိုက်နာရန်နှင့် ပြည်သူများကိုလည်း ထပ်ဆင့် ရှင်းလင်းခြင်း၊ မေတ္တာရပ်ခံကာ စည်းကမ်းချက်များအား လေးစားလိုက်နာရေး ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ၎င်းတို့လက်လွှတ်လိုက်ရတဲ့ မြို့ရွာတွေက အရပ်သားတွေနေထိုင်ရာကို မကြာခဏ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိပါတယ်။
သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလအတွင်း လူစုလူဝေး အနည်းဆုံးဖြင့် အသိ၊ သတိထား နေထိုင်ဖြတ်သန်းကြဖို့နဲ့ မလိုလားအပ်တဲ့ လူအစုလိုက်အပြုံလိုက်သေဆုံးမှုတွေ မရှိစေဖို့ နှိုးဆော်တိုက်တွန်းညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း AA ကဆိုပါတယ်။
0 Shares:
You May Also Like
Read More

ထိတွေ့ပစ်မှုမရှိဘဲ ရှရော်ခရွာကို စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာထဲကို စစ်ကော်မရှင်တပ်က ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မန္တလေးမြို့က ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီလာပို့ရင်း လုယက်ဓားပြတိုက်မှု ဖြစ်ပွါး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁လမ်းနဲ့ ၈၂လမ်းကြား၊ ၂၈လမ်းမကြီးပေါ်က ဦးကိုလေး ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီ လာပို့သူတွေကနေ လုယက်ဓားပြတိုက်သွားကြောင်း မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
Read More

ကောလင်း သယံဇာတကော်မတီ အတွင်းရေးမှူး လုပ်ကြံခံရမှုကို NUG အနေနဲ့ အမြန်ဆုံးဖော်ထုတ်ပေးဖို့ CDM အဖွဲ့အစည်းတွေ တောင်းဆို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့က သယံဇာတအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူး ဖြစ်သူ ဦးအရိန္ဒမာ လုပ်ကြံခံရမှုအတွက် NUG အနေနဲ့ ကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ပြီး အရေးယူပေးဖို့ CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတွေက တောင်းဆို တိုက်တွန်းလိုက်ပါတယ်။
Read More

တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့သည့်အပေါ် MDY-PDF ထောက်ခံကြိုဆို

တအာင်းပြည်နယ် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကနေ တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် ထောက်ခံကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့ကို TNLA အလုံးစုံ သိမ်းပိုက်ရရှိ

ရှမ်းပြည်နယ်၊ သီပေါမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အလုံးစုံး သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ်တွင် မြို့နယ် ပအဖ ဦးဆောင်မှုဖြင့် ပျက်စီးနေသည့် ဆက်သွယ်ရေးလမ်းမကြီး ပြန်လည်ပြုပြင်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ အများပြည်သူများသွားလာအသုံးပြုနေတဲ့ ဒေသတွင်းအဓိက ဆက်သွယ်ရေးလမ်းမကြီး ဆိုးရွားစွာပျက်စီးနေတာကြောင့် ပြန်လည် ပြုပြင်ပေးခဲ့တယ်လို့ မြို့နယ် ပအဖ က ထုတ်ပြန်ပါတယ်။