ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဖြူးမြို့နယ်ပကဖနဲ့ သာယာဝတီခရိုင်ပကဖ ရဲ့ ဒရုန်းတပ်ဖွဲ့တွေက ဒရုန်းဗုံးတွေနဲ့ အောက်တိုဘာ ၉ ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။

ပကဖ ဒရုန်းပူးပေါင်းအဖွဲ့တွေက ဒရုန်းသီးပေါင်း ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ ဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ဦး သေဆုံး၊ (၄) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ယောက် သေဆုံးပြီး (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူကို မဲထည့်ရန် ဖိအားပေးနေသည့် စစ်ကော်မရှင်တပ်သားများ ပစ်ခတ်ခံရပြီး ၁၀ ဦး သေဆုံး၊ မဲရုံများကိုလည်းကာကွယ်ရေးတပ်ဖွဲ့ ဖျက်ဆီးခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲ ရေးမှူးထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ဒဏ်ရာရသူတွေကို CDF – Mindat ရဲ့ စစ်ဦးစီးချုပ် လိုက်လံကြည့်ရှုအားပေးခဲ့…

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ ( မင်းတပ်) ရဲ့ စစ်ဦးစီးချုပ်က လိုက်လံကြည့်ရှုအားပေးခဲ့တယ်လို့ CDF - Mindat က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲ…

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်တဲ့ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ(၁၁)ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းမှာ ပေါ်တာဆွဲခံရတဲ့ အမျိုးသား ၁ဦး စစ်တပ် ရိုက်နှက်မှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေက အမျိုးသား ၁ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်မှုကြောင့် အဆိုပါ အမျိုးသား သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးလာသူတချို့ ကားပေါ်က ကုန်ချထွက်ပြေးလို့ အကြမ်းဖက်စစ်တပ် ပိုက်စိပ်တိုက် ရှာဖွေနေ

ကျုံပျော်မြို့မှာ အကြမ်းဖက်စစ်တပ် လူငယ်တချို့ကို ပေါ်တာဆွဲဖမ်းဆီးပြီး ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ ဓနုဖြူမြို့ဘက်ကို ပို့ဆောင်စဉ် ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားလို့ဆိုပြီး အကြမ်းဖက်စစ်တပ်က ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။