ရိုးရာဖိုက်တာ သန့်ဇင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဂျပန်ဖိုက်တာ တာကဲရုက မြန်မာပြည်ရေဘေးအတွက် အလှူငွေ လှူဒါန်းသွားမယ်လို့ Bangkok Post မှာ ရေးသားဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ONE  Friday Night ပြိုင်ပွဲမှာ ရိုးရာဖိုက်တာ သန့်ဇင်နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဂျပန်ဖိုက်တာ တာကဲရုဟာ မြန်မာပြည်ရေဘေးအတွက် အလှူငွေ လှူဒါန်းသွားမှာဖြစ်ပါတယ်။

ပြိုင်ဘက်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုတာကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရေဘေးအတွက် သူရဲ့ ပြိုင်ပွဲကရတဲ့ ထိုးကြေးတချို့ကို လှူဒါန်းဖို့ သန့်ဇင်ရဲ့ မန်နေဂျာဖြစ်သူဆီ ဆက်သွယ်ကမ်းလှမ်းလာတာ ဖြစ်ပါတယ်။

လှူဒါန်းငွေတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေကတဆင့် ချိတ်ဆက်လှူဒါန်းသွားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကသန့်ဇင်ဟာ ဂျပန်ဖိုက်တာနဲ့ ပွဲစဉ်မှာ အနိုင်ရရင် ရေဘေးအတွက် ကူညီလှူဒါန်းမယ်လို့ပြောကြားခဲ့အပြီး အဲ့ဒီ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရတာပါ။

စက်တင်ဘာ ၂၇ ရက် ညပိုင်းက ပြုလုပ်ခဲ့တဲ့ အဲဒီပွဲစဉ်မှာ ကမ္ဘာ့ကစ်ဘောက်ဆင်ချန်ပီယံ တာကဲရုဟာ ဒုတိယအချီမှာ အလဲထိုးပြီး မြန်မာပရိတ်သတ်တွေ အားပေးခဲ့တဲ့ သန့်ဇင်ကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ Bangkok Post)
0 Shares:
You May Also Like
Read More

စလင်းနှင့် ဆင်ဖြူကျွန်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်၊ စစ်တပ် မြှုပ်နှံထားခဲ့သည့် အလောင်း ၃ လောင်း တူးဖော်တွေ့ရှိ…

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ကျေးရွာများရှိ နေအိမ်များကိုစစ်ကောင်စီနှင့် PNA ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံ - ညောင်ရွှေနယ်စပ် ဖယ်ခုံမြို့နယ်မှာ အကြမ်း ဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီ PDF ရဲ့ အပတ်စဥ် ၆ စစ်သင်တန်းသား အသစ်တွေ ခေါ်ယူ၊ အမျိုးသမီး စစ်မေတွေကို အဓိက အလေးထားခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီတိုင်းစစ်ဌာန၊ AYA PDF အမှတ် (၂၉) ဗျူဟာရဲ့ အပတ်စဉ် (၆) စစ်သင်တန်းအတွက် ရဲဘော်သစ် သင်တန်းသားတွေ ခေါ်ယူနေတယ်လို့ AYA PDF က ထုတ်ပြန်ထားပါတယ်။
Read More

KK park ပြဿနာ နောက်ဆက်တွဲကြောင့် မြဝတီမှ ကုန်ပစ္စည်းများ သယ်ယူစားရိတ် ၅ ဆအထိ မြင့်တက်နေ

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK park နေရာကို စစ်တပ်ကနေ ဝင်စီးပြီးနောက်ပိုင်းမှာ မြဝတီကနေ ကုန်ပစ္စည်းသယ်ယူစားရိတ်တွေဟာ ၅ ဆ အထိ မြင့်တက်လာနေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေထံက သိရပါတယ်။
Read More

ရေးမြို့နယ်က ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Saw Dragon Drone Force – SDDF က ထုတ်ပြန်ထားပါတယ်။
Read More

မြောက်ဦးက AA ရဲ့ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ သေဆုံးမှုရှိဟု သိရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ရက္ခိုင့်တပ်တော် AA ရဲ့ စစ်သုံ့ပန်းတွေ ထားရှိရာ အကျဥ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းနဲ့ မိသားစုဝင်အချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။