ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်က အရပ်သား နှစ်ယောက်ဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဦးစံရွှေမောင်နဲ့ အသက် ၆၅ နှစ်အရွယ် ဦးမောင်မြအောင်တို့ရဲ့ အလောင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ဝါးခုတ်သွားရင်း ပျောက်ဆုံးသွားတဲ့ သူတို့နှစ်ယောက်ကို သုံးရက်အကြာ အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာက နေအိမ်တစ်ခုအတွင်း ဦးခေါင်းဖြတ် မြေမြှုပ်ထားတဲ့ ရုပ်အလောင်းနှစ်လောင်းအဖြစ် ပြန်လည်တွေ့ရှိခဲ့တာလို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။
ဘူးသီးတောင် အမှတ် ၂ ရပ်ကွက်က ဦးစံရွှေမောင်နှင့် ဦးမောင်မြအောင်တို့ ရုပ်အလောင်းတွေဖြစ်ကြောင်းကို အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ မှုခင်းဆိုင်ရာ ဆေးဘက်ဝန်ထမ်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အတည်ပြုနိုင်ခဲ့တာပါ။
အဲဒီ အရပ်သားနှစ်ယောက်ကို ရခိုင်ပြည်နယ်အခြေစိုက် ARSA လက်နက်ကိုင်တပ်ဖွဲ့က သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ARSA တပ်ဖွဲ့ဝင်တွေကို လိုက်လံရှာဖွေ ရှင်းလင်းရေးပြုလုပ်နေကြောင်း AA က ထုတ်ပြန်ပါတယ်။
အရပ်သား နှစ်ယောက် ပျောက်ဆုံးမှုအတွက် လိုက်လံရှာဖွေခဲ့တဲ့ AA တပ်ဖွဲ့ဝင် ၃ ယောက်ဟာ ဂုံးနားကျေးရွာအနီးကို အရောက်မှာ ARSA ရဲ့ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၁ ယောက် သေဆုံးသွားပြီး ၂ ယောက်မှာ ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ARSA အဖွဲ့တွေက အရပ်သားပြည်သူတွေကို မကြာခဏ တိုက်ခိုက်တာ ဖမ်းဆီးတာတွေ ပြုလုပ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း အာရက္ခတပ်တော် AA ကဆိုပါတယ်။
ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်အနီးက မေယုတောင်တန်းတွေမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ ရောက်ရှိနေပြီး တပ်စခန်းတွေအထိုင်ချကာ အာရက္ခတပ်တော် AA နဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ရှိလာနိုင်ကြောင်း ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။
0 Shares:
You May Also Like
Read More

မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သုခဒိုင်းမွန်း စိန်တိုက်ပိုင်ရှင် မိသားစုလိုက်သေဆုံး၊ ပျဉ်းမနားတွင်လည်း ဝင်းရွှေစင်ရွှေဆိုင် ပြိုကျမှု ၉ ဦး သေဆုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနဲ့ ၂၃ လမ်းကြားရှိ  ၁၁ ထပ်အမြင့်ရှိသည့် Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သေဆုံးသူတွေထဲမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ ပါဝင်တယ်လို့ သုခဒိုင်းမွန်းစိန်တိုက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကလေးငယ် ၂ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါ အရပ်သား ၆ ဦး သေဆုံးခဲ့သည့် တောင်သာမြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲမှု NUG ထုတ်ပြန်…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် နတ်စောင့်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၂ ယောက်နဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ငလျင်ဘေးဒဏ်သင့် နယ်မြေဆီ သွားရောက်ကူညီဆောင်ရွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းက ငလျင်ဘေးဒဏ်သင့်​ဒေသတစ်ခုဖြစ်တဲ့ စစ်ကိုင်းမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေကို ဧပြီလ ၃ ရက်မှာ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

KNU ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

KNU ထိန်းချုပ်ထားတဲ့ မူးမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ယူဆောင်ကာ KNU ထံ အလင်းဝင်လာတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၃) ဦး အပါ ပြည်သူ (၅) ဦး ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၉) လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆိုင်ကယ်ကယ်ရီသမား ဟန်ဆောင်ပြီး တော်လှန်ရေးသတင်း စုံစမ်းနေသည့် ပျူစောထီး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဆိုင်ကယ်ကယ်ရီသမား ဟန်ဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့  သတင်းတွေကို စုံစမ်းထောက်လှမ်းနေတဲ့ ပျုစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။