မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ ရဲဘော်ယောလေး၊ လက်ထောက်အထွေထွေအတွင်းရေးမှူး () ရဲဘော်ထွားကြီး၊ တွဲဖက်တရားသူကြီး ရဲဘော်မုန်တိုင်း၊ ထုတ်လုပ်ရေးဌာနမှူး ရဲဘော်ကျော်ဟိန်းတို့ဟာ အောက်တိုဘာလ () ရက်က စစ်ဘေးရှောင်စခန်းတွေက စာသင်ကျောင်းတွေဆီ သွားရောက်ကာ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တာပါ။

စစ်ဘေးရှောင်စာသင်ကျောင်းကို YPDF က အလှူငွေပေးအပ် (ဓာတ်ပုံ YPDF)

စစ်ဘေးရှောင်စခန်းက စာသင်ကျောင်းတွေဖြစ်တဲ့ တောင်ခင်ရန်း စစ်ဘေးရှောင်စာသင်ကျောင်း၊ အေးသစ္စာ စာသင်ကျောင်းတွေဆီ သွားရောက်ကာ ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေ၊ ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံကာ အားပေးစကားတွေ ပြောကြားခဲ့ပြီး စာသင်ကျောင်းတစ်ကျောင်းကို ထောက်ပံ့ငွေ ၅၀၀၀၀ ကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေကို ကူညီကယ်ထုတ်ရင်း ပျူစောထီးတွေ ထောင်ထားတဲ့ နင်းမိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်ခဲ့ရတဲ့ ပြည်သူ ၁ ယောက်ကိုလည်း သွားရောက်တွေ့ဆုံကာ ဆေးကုသစရိတ် ၅၀၀၀၀ ကျပ်ကို တပ်ဖွဲ့ကိုယ်စား ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ တော်လှန်ရေးအရွေ့အပြောင်း၊ နိုင်ငံရေးအရွေ့အပြောင်း၊ တပ်ဖွဲ့သဘောထား ရပ်တည်မှုတွေကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖြတ်ခဲ့ရတဲ့ ပြည်သူတစ်ဦးကို YPDF က အလှူငွေပေးအပ် (ဓာတ်ပုံ YPDF)
0 Shares:
You May Also Like
Read More

လျှပ်စစ်မီးမမှန်တဲ့ ရန်ကုန်မှာ EV Bus ကားတွေပြေးဆွဲဖို့ ပြင်ဆင်နေ

ဆိုးရွားစွာ လျှပ်စစ်မီးပြတ်တောက်နေတဲ့ ရန်ကုန်က YBS ယာဉ်လိုင်းတွေမှာ EV Bus တွေပြေးဆွဲမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

ဝေါမှာ စစ်ကောင်စီတပ်တွေရှိတဲ့ ရေတံခါးဂိတ် တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က ၅ယောက်သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ရေတံခါးဂိတ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနဲ့ ပျူ ၅ ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တံတားဦးတွင် ငလျင်ကြောင့် သေဆုံးသူ အယောက် ၁၀၀ ကျော်ထိရှိလာပြီး၊ သမိုင်းဝင် မယ်နုအုတ်ကျောင်းအပါ နေအိမ်အဆောက်အုံများနှင့် ဘုရားကျောင်းကန်များစွာ ပြိုကျပျက်စီးခဲ့

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် သမိုင်းဝင် အင်းဝမယ်နုအုတ်ကျောင်းအပါအဝင် မြို့တွင်းမြို့ပြင် နေရာတော်တော်များများ ပြိုကျပျက်စီးခဲ့ပြီး၊ သေဆုံးသူ ၁၀၀ ယောက်ကျော် ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရာနဲ့ချီတဲ့ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ သိရတာပါ။
Read More

စစ်ကောင်စီက ကယားပြည်နယ်နေ့ ကျင်းပပြီး နောက်တစ်နေ့ စစ်ရှောင်စခန်းကို ဗုံးကြဲ၊ စစ်ဘေးရှောင်မောင်နှမ အပါအဝင် ၃ ယောက် သေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Loikaw Local PDF ထံက သိရပါတယ်။
Read More

KNDF တပ်ရင်း ၈ က နှစ်ချုပ်အစည်းအဝေး ကျင်းပပြုလုပ် (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်  KNDF/B08 က နှစ်ချုပ်အစည်းအဝေး ကျင်းပပြုလုပ်ရာ တပ်ရင်းရဲ့အားနည်းချက်နဲ့ အားသာချက်တွေကို ပြန်လည်သုံးသပ်ပြီး နှစ်သစ်မှာ တပ်ရင်းကို အကောင်းဆုံးနဲ့ ပိုပြီး နည်းစနစ်တကျ ပြန်လည်ပြုပြင်သွားမယ်လို့ KNDF တပ်ရင်း ၈ က ထုတ်ပြန်ထားပါတယ်။
Read More

သာယာဝတီက အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် အပစ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးကို ဒုတိယအကြိမ်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ထံက သိရပါတယ်။