မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာကျေးရွာ ၆ ရွာက အရပ်သားပြည်သူတွေအတွက် ဆန်အိတ် (၃၀၀)နဲ့ အတူ ငွေကျပ်သိန်း(၅၀၀)ကို မတည်လှူဒါန်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က ထုတ်ပြန်ပါတယ်။

သပိတ်ကျဉ်းမြို့နယ်အတွင်းက ဝက်သေ ၊ ဖက်ရှည် ၊ ကွင်း(၃၀)၊ ရေထွက် ၊ လိပ်ကျနဲ့ လက်ပံပြန့်ကျေးရွာတွေက အခြေခံပြည်သူတွေကို အိမ်ထောင်စုတစ်စုစာ ဆန်() ပြည်နဲ့ ငွေ၅သောင်းကျပ်နှုန်းဆီ ပေးအပ်လှူဒါန်းသွားမယ်လို့ MDY-PDF က ပြောပါတယ်။

MDY- PDF အနေနဲ့ လက်ရှိမတည်လှူဒါန်းထားတဲ့ရွာတွေအပြင် သပိတ်ကျင်းမြို့နယ်၊ တခြားကျေးရွာတွေက အခြေခံလိုအပ်ချက်ရှိနေတဲ့ အိမ်ထောင်စုတွေအတွက်လည်း ဆက်ပြီးလှူဒါန်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ဆိုပါတယ်။

(ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး Facebook စာမျက်နှာ)

0 Shares:
You May Also Like
Read More

ဖြူးမှာ မြို့နယ်ပကဖက ရေဘေးသင့်အိမ်ထောင်စုတွေကို အလှူငွေနဲ့ ရိက္ခာခြောက်တွေ ကူညီပံ့ပိုးခဲ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ် စစ်တောင်းမြစ်ကမ်းဘေးရှိ ရေဘေးဒဏ်သင့်ရွာတွေဆီကို အလှူရှင်တွေကိုယ်စား စက်တင်ဘာလ ၂၃ ရက် မနေ့က ဖြူးမြို့နယ် ပကဖနဲ့ ပအဖတို့ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

ပခုက္ကူ ခရိုင် အမှတ် ၁၄ တပ်ရင်းရဲ့ တပ်ရင်း၂ နှစ်ပြည့်အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်းက တပ်ရင်း ၂ နှစ်ပြည့်အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှ ဆင်ဖြူကျွန်းသို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ရာ ၁ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့ကို အင်အားလာဖြည့်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၂၀ ခန့်ပါ သံပြားကာကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၈ ဦး ထက်မနည်းသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်မှာရှိတဲ့ စစ်ကောင်စီတပ် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမ့်ဆန်မြို့နယ်ကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။
Read More

ကျွန်းလှမှာ စစ်အုပ်စုရဲ့ မြေပြင် ဝေဟင်စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ စစ်ကြောင်းဝင်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။