ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး(၆၀)ကျော် ကြဲချခဲ့ရာ သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံ () ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၉ ရက် ဒီနေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ရွှေကျောင်းရပ်ကွက်နဲ့ ပန်တိမ်တောင်ရပ်ကွက်အတွင်း ဗုံး (၁၀) လုံး လာရောက်ကြဲချခဲ့တာပါ။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ရွှေကျောင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ ပြည်သူ့နေအိမ်တွေနဲ့ ပန်တိမ်တောင်ရပ်ကွက်ရှိ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

မနေ့ကညပိုင်းမှာလည်း စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်နဲ့နမ့်ငုံးကျေးရွာတို့တွင် ဗုံးအလုံးရေ (၅၀)ကျော် လာရောက်ကြဲချခဲ့သေးတယ်လို့ သိရပါတယ်။

အဲ့ဒီလို စစ်ကောင်စီတပ် ဗုံးကြဲချမှုကြောင့် နမ့်ငုံးကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး သီရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံ () ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်နဲ့ အုတ်ကျင်းရပ်ကွက်ရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ် (၁၀)အိမ်ကျော်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ TNLA သတင်းနှင့် ပြန်ကြားရေး)

0 Shares:
You May Also Like
Read More

ကော့သောင်းတွင် စစ်ကောင်စီနှင့် ပကဖ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ အရာခံဗိုလ်အပါ ၃ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းနဲ့ ကော့သောင်းပကဖတို့ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဆက် ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အရာခံဗိုလ် အပါအဝင် ၃ ယောက် သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံ အင်းဘီလူးက မောင်းကို ပြောပါတယ်။
Read More

ကရင်နီပြည်မှာ အပစ်ရပ် ကြေညာထားသည်ဆိုသည့် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းက တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံး…

ကရင်နီပြည်၊ မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့ကြားက ပီကင်းကောခူကျေးရွာမှာ အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဧပြီလ ၅ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

၄ နှစ်တာအတွင်း တော်လှန်ရေးအတွက် အရေးကြီးတဲ့ ရလဒ် ၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဟု NUG ကာကွယ်ရေး၀န်ကြီးက အသိပေး

တော်လှန်ရေး ၄ နှစ်တာအတွင်း အရေးကြီးတဲ့ ရလဒ် ၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ 
Read More

KNDF ၄နှစ်တာခရီး မှတ်တမ်းဓာတ်ပုံများ တပ်ရင်း (၅) ထုတ်ပြန် (ဓတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တည်ထောင်ခြင်း ၄နှစ်ပြည့်အဖြစ် မှတ်တမ်းဓာတ်ပုံများကို KNDFတပ်ရင်း (၅) က ဒီကနေ့ မေလ ၃၁ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်က ကျေးရွာတွေမှာ မဖြစ်မနေ ဗုံးခိုကျင်းတွေတူးထားဖို့ မြိုင်ပကဖ က ထုတ်ပြန်ညွှန်ကြား

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတွေမှာ လေကြောင်းရန်ကာကွယ်ဖို့ ဗုံးခိုကျင်းများ ကြိုတင်ပြီး မဖြစ်မနေတူးထားဖို့  မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မတ်လ ၃ ရက်နေ့ မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများကို လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ရန်ကုန်မှာ ဆန္ဒပြ

လုံခြုံရေးတင်းကျပ်တဲ့ ရန်ကုန်မြို့မှာ ငလျင်ဒဏ်သင့် ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ပါတယ်။