မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD) ထံကို မွန်အမျိုးသားလွတ်မြောက်ရေးတပ် (MNLA) အမှတ် ၅ တပ်ရင်းတစ်ရင်းလုံး လာရောက်ပူးပေါင်းခဲ့တယ်လို့ NMSP-AD ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ရက်နေ့မှာ မွန်ပြည်သစ်ပါတီလက်အောက်ခံ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသ အခြေစိုက်တဲ့ MNLA အမှတ်( ) တပ်ရင်း၊ တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံး NMSP-AD ထံလာရောက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၆ ရက်နေ့မှာ လာပေါင်းတာ မှန်ပါတယ်။ တပ်ရင်းတစ်ရင်းလုံးပါပဲ။ ကျန်တာတွေတော့ ပြောလို့ မရသေးပါဘူး။လို့ NMSP-AD ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်ဗညားမွန်ကမောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ MNLA အမှတ် () တပ်ရင်းဟာမွန်ပြည်သစ်ပါတီဗဟိုကနေလုံးဝခွဲထွက်ပြီးစစ်အာဏာရှင်ကိုတော်လှန်နေတဲ့မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ထံပူးပေါင်းလာတာပဲဖြစ်ပါတယ်။

NMSP-AD အဖွဲ့ကလည်း စစ်ကောင်စီရဲ့  NCA လမ်းကြောင်းကို လက်မခံတာကြောင့် စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့ဆိုပြီး ယခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မိခင်ပါတီ NMSP ကနေခွဲထွက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ NMSP-AD ဟာ မွန်ဒေသအတွင်းက တခြားသော တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်လျက်ရှိနေပါတယ်။

(ဓာတ်ပုံ NMSP-AD)
0 Shares:
You May Also Like
Read More

ကျိန္တလီချောင်းပေါ် ဖြတ်သန်းဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

ရခိုင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ဂွမြို့နဲ့ ကျိန္တလီမြိုကို ဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို အကြမ်းဖက်စစ်တပ်က မိုင်းခွဲဖျက်စီးသွားကြောင်း ရခိုင့်တပ်တော် AA က အောက်တိုဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ရခိုင်တိုက်ပွဲတွေမှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး ၁ ယောက် သေပြီး ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းမိ

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းဆီးရမိပြီး ဗိုလ်မှူးကြီးအဆင့် တပ်မမှူး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းက ကြွယ်ပုံ ပျူရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက် ဝင်ရောက် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ YOUNG WOLF LOCAL PDF က ထုတ်ပြန်ထားပါတယ်။
Read More

အခွင့်အရေးဆိုတာ တိုက်ယူမှရမယ်ဆိုပြီး လမ်းမှားရောက်နေတဲ့ လူငယ်တွေကို နှမျောတယ်လို့ အာဏာသိမ်းစစ်တပ် လက်ပါးစေ ကြံ့ခိုင်‌ရေးမှ သောင်းအေး ပြော

မတရားသဖြင့် စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတကာရဲ့ ဖိအားတွေ၊ အခွင့်အရေးဆိုတာ တိုက်ယူရမယ်ဆိုတဲ့ အတွေးအခေါ်တွေနဲ့အတူ လူငယ်တွေကို လမ်းမှားရောက်အောင် တွန်းပို့နေတယ်လို့ စစ်တပ် လက်ဝေခံ ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး သောင်းအေးက ပြောပါတယ်။
Read More

သထုံခရိုင် PDF တပ်မဟာ လက်အောက်ခံ YARMA BRIGADE တပ်ဖွဲ့က တပ်သားသစ်များခေါ်ယူနေ

သထုံခရိုင် PDF တပ်မဟာ (၁)၊ တပ်ရင်း ၇၈၀၅ မှ တော်လှန်ရေးအတွက် ရဲဘော်အသစ်များကို ခေါ်ယူလျက်ရှိကြောင်း မောင်းကို အသိပေး ပြောဆိုပါတယ်။