ရခိုင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ဂွမြို့နဲ့ ကျိန္တလီမြိုကို ဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို အကြမ်းဖက်စစ်တပ်က မိုင်းခွဲဖျက်စီးသွားကြောင်း ရခိုင့်တပ်တော် AA က အောက်တိုဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင့်တပ်တော် AA က သံတွဲမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျိန္တလီကတဆင့် ဂွမြို့ကို ထိုးစစ်ဆင်နွှဲနေတဲ့အချိန်မှာ ကျိန္တလီမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေက ကုလားပြင်ကျေးရွာဘက်ကို ဆုတ်ပြေးရင်း တံတားကို မိုင်းခွဲဖျက်ဆီးသွားတာဖြစ်ကြောင်း သိရပါတယ်။

ကျိန္တလီဒေသတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်က ကြည်း၊ ရေ၊ လေ တပ်တွေနဲ့ ခုခံနေရာက စစ်ရေးရှုံးနိမ့်လာတာကြောင့် ဆုတ်ခွါထွက်ပြေးရင်း ကျိန္တလီချောင်းကို ဖြတ်သန်းသွားလာနေတဲ့ တံတားကို ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတဲ့ တံတားက အကြမ်းဖက်စစ်တပ်က ပြီးခဲ့တဲ့ လပိုင်းက တပ်စွဲထားတဲ့နေရာဖြစ်တယ်။ ဒေသခံတွေ အဓိကသွားလာနေတဲ့လမ်းလည်းဖြစ်တာကြောင့် ကုန်စာ်သယ်ယူပို့ဆောင်ရာမှာလည်း အရမ်းအခက်အခဲ ဖြစ်ကြရပြီလို့ ကျိန္တလီမြို့နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

ရခိုင့်တပ်တော် AA ကရခိုင်ပြည်နယ်တောင်ပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းတွေ၊မြို့တွေကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နေတာကြောင့်ပြည်သူတွေသွားလာလှုပ်ရှားလို့ရတဲ့နေရာတွေ၊တံတားတွေကိုစစ်တပ်ကဖျက်ဆီးနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အကြမ်းဖက်စစ်တပ်က အမ်းမြို့နယ်၊ အမ်းစစ်တွေကားလမ်းဘေးက ကျေးရွာ ၇ ရွာကို ဖယ်ရှာခိုင်းခဲ့လို့ ကျေးရွာနေ ဒေသခံတွေမှာ ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ AA Info Desk)
0 Shares:
You May Also Like
Read More

မတ်လတစ်လတာအတွင်း စစ်ကောင်စီတပ်က အလင်းဝင် (၆၈) ဦးနှင့် စစ်သုံ့ပန်း (၅၉) ဦးရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း မတ်လတစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အလင်းဝင်လာသူ (၆၈) ယောက်နဲ့ ဖမ်းဆီးရမိသူ (၅၉) ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ MSFC ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFC’s Anti-Sham Election Committee) ကနေ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီက ဖိအားတချို့ကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ NUG ပြော၊ ကျားဖြန့်ဂိုဏ်းတွေမှာ စစ်ဗိုလ်ချုပ်အချို့ရဲ့ အကျိုးစီးပွါးတွေပါ၀င် ဆက်နွယ်နေ

ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းတွေကို စစ်ကောင်စီက နိုင်ငံတကာရဲ့ ဖိအားကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

ဗဟိုချုပ်ကိုင်မှု လျှော့ချမယ့် ဖက်ဒရယ်အသွင် ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ပြင်ဆင်ရေးဆွဲနေပြီဟု တိုင်းရင်းသားလက်နက်ကိုင် (၉) ဖွဲ့ အသိပေး

“ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး" (Bottom-up Federalism Approach) အခြေခံ ချည်းကပ်မှုနဲ့သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရေး အဓိက လုပ်ဆောင်သွားမယ်လို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၉ ခုက ပူးတွဲကြေညာချက် တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ရဟတ်ယာဉ်နဲ့ စစ်လေယာဉ် ၁၉ စီးကို တော်လှန်ရေး အဖွဲ့တွေက ထိခိုက်ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့

အကြမ်းဖက် စစ်တပ်ရဲ့ စစ်လေယာဉ်နဲ့ ရဟတ်ယာဉ် စုစုပေါင်း ၁၉ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိခိုက်ပျက်စီးအောင် ပျက်ကျအောင်တိုက်ခိုက်ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း စစ်ရေးသတင်းတွေကို သုံးသပ်ဖော်ပြနေတဲ့ PDF Insight က ဖော်ပြလာပါတယ်။
Read More

ထီးထဗျူဟာစခန်း စခန်းသိမ်းအောင်ပွဲအကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။