စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေက ဒုတိယအကြိမ်အဖြစ် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ပင်လည်ဘူးမြို့က အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးကို PDF နဲ့ KIA ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၈ ရက် ဒီနေ့ မနက်အစောပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပင်လယ်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ဒုတိယအကြိမ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။

လက်ရှိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိတဲ့အခြေအနေတွေကိုတော့ အသေးစိတ်မသိရသေးဘဲပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲဟာ ၂ လနီးပါး ကြာမြင့်ခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။

ဩဂုတ်လ ၁၅ ရက်က စတင်ခဲ့တဲ့ ပထမအကြိမ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်း ၈၀ ကျော် သိမ်းဆည်းရမိခဲ့စဥ် (ဓာတ်ပုံ CJ)

ပင်လည်ဘူး ၊အင်းတော်၊ ထီးချိုင့် မြို့တွေကို PDF နဲ့ မဟာမိတ်တပ်တွေက သြဂုတ်လလယ်ပိုင်းကစလို့ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အမှတ် ၁ စစ်ဒေသကွပ်ကဲမှုနဲ့ အဲ့ဒီမြို့သိမ်းတိုက်ပွဲတွေမှာ PDF တပ်ဖွဲ့ဝင်ထောင်နဲ့ချီ ပါဝင်တိုက်ခိုက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလက ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ ပထမအကြိမ်အဖြစ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ အပြင်းအထန် ပြန်လည် ထိုးစစ်ဆင်မှုတွေကြောင့် တော်လှန်ရေးတပ်တွေ ပြန်လည် ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၅ ရက်က စတင်ခဲ့တဲ့ ပထမအကြိမ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်း ၈၀ ကျော် သိမ်းဆည်းရမိခဲ့စဥ် (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

AA တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ အသီးသီး သဝဏ်လွှာ ပေးပို့၊ တော်လှန်ရေးမှာ AA အပေါ် ယုံကြည်ကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောဆို

၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးနဲ့အတူ တော်လှန်ရေးကို အောင်ပွဲရရှိတဲ့အထိ စည်းလုံးညီညွတ်သွားမယ်လို့ အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့  ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ရသေ့တောင်တွင် စစ်တပ် ဂျက်လေယာဥ် ၂စီးဖြင့် ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်လေယာဥ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၅ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် AA က မနေ့ညက ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းနယ်တွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၂၀ နီးပါးသေဆုံး

“ထိခိုက်သေဆုံးကတော့ ကျနော်တို့အလောင်းတွေ့ရတာ ၁၈ ဦး၊ ထပ်တိုး တစ်ဦးရှိတယ်လို့လည်း ကြားတယ်၊ အဲဒီမှာ ၅ နှစ်အရွယ် ကလေးတစ်ဦးပါတယ်။ ၂၀ ကတော့ကျော်မယ်လို့ထင်တယ်၊ တစ်ချို့ရှာမတွေ့တာတွေ ရှိတယ်လို့လည်းသိရတယ်” လို့ ဒီပဲယင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

၂ ရက်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည့် ထီးလင်းနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အောင်းရွာအနောက်မြောက်ဘက်မှာ ၂ ရက်တိုင်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် အဆိုပါနေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေကို စစ်သင်တန်းပေးနေ

ပြည်နယ်နဲ့တိုင်း အသီးသီးက တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတယ်လို့ သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးနှင့် ရန်ကုန် လွှတ်တော်ကိုယ်စားပြုကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ရန်ကုန် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဦးဆောင်အဖွဲ့တို့ ဇွန်လ (၁၄) ရက် ဒီနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။