တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောရွာက အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းဟောင်းတစ်ခုဖြစ်တဲ့ သိန္ဒောစခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ သိန္ဓောတပ်စခန်းဟောင်းကို အကြမ်းဖက်စစ်ကောင်စီက K-8W Jet Fighter အမျိုးစားတိုက်လေယာဉ်နဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

သိန္ဓောစခန်းဟာ စက်တင်ဘာလ ၂၅ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေ စွန့်ခွါထွက်ပြေးခဲ့တဲ့ စစ်ကောင်စီရဲ့စခန်းဟောင်းတစ်ခုဖြစ်တဲ့အပြင် လူသူမရှိတဲ့ စခန်းအလွတ်တစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေ နေထိုင်ရာ အင်းရှည်ကုန်းရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်မှုတစ်စုံတစ်ရာမရှိပေမယ့် ဒေသခံပြည်သူတွေ စိုးရိမ်ပူပန်ထိတ်လန့်နေတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း_၁)

0 Shares:
You May Also Like
Read More

ထီးလင်းတွင် နှစ်ခြမ်းကွဲနေသည့် ပကဖ ပြန်လည်ပေါင်းစည်းပြီးနောက် ပအဖလည်း ပေါင်းစည်းနိုင်ဖို့ မျှော်လင့်နေကြ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ နှစ်ခြမ်းကွဲနေခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြန်လည်ပေါင်းစည်းနိုင်ပြီးတဲ့နောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)လည်း မကြာခင်ပေါင်းစည်းနိုင်ဖို့ မျှော်လင့်ကြောင်း ယောဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေက မောင်းကိုပြောပါတယ်။
Read More

မင်းဘူး (စကု) မြို့နယ်အတွင်း ပြည်သူများကို သတ်ဖြတ်နေသည့် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၄ယောက်သေပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူး (စကု)မြို့နယ်၊ စကုမြို့အနောက်ပိုင်း ခံကုန်းရွာကနေ ရွှေစက်တော်ဘုရားဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ယောက် သေပြီး တပ်ကြပ်ကြီးအပါအဝင် အများအပြား ဒဏ်ရာရသွားကြောင်း သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်တွင် စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်(၄) လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံး(၂) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု နေအိမ် (၄) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကြောရေး ဒဏ်ရာများဖြင့် အကျဥ်းထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ နောက်ဆုံးခရီး

အကြမ်းဖက်စစ်ကောင်စီ မတရား ဖမ်းဆီးအကျဥ်းချထားပြီး အကျဥ်းထောင်ထဲမှာပဲ မနေ့က ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ရဲ့ စျာပနကို ဒီနေ့မှာ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း-ရန်ကုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းတွင် မဲရုံလုံခြုံရေး ကင်းပတ်ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က မဲရုံလုံခြုံရေးအတွက် ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ဒီနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းမှ ပေါင်းတလည်သို့ လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများကို တိုက်ခိုက်ရာ ၃ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့ရဲစခန်းက‌နေ ပေါင်းတလည်မြို့ဘက်ကို လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။