ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၃ တပ်စခန်းမှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၁၀၄)ရက်မြောက် မနေ့က မနက်ပိုင်းအချိန် စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းနေရာမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က ထောက်ပို့ယာဉ် Y12 နဲ့ (၇) ကြိမ် လက်နက်ခဲယမ်းတွေ (၁၂)ထုပ် လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဝမ်ပေါင်ရဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို တိုက်ခိုက်ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီး…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကနေ ထွက်လာတဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီးခဲ့တယ်လို့ Black Eagle Defence Force-MMU က သတင်းထုတ်ပြန်လာပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မောင်းနှင်လာသည့် ရဲကားကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၂ ဦး သေပြီး လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ၊ ရဲကားကိုပါ မီးရှို့ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က ရဲကား ၁ စီး တိုက်ခိုက်ခံရမှုမှာ ကားပေါ်ပါတဲ့ ရဲ ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF တာဝန်ရှိသူ ​၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

စလင်းမြို့နယ်တွင် သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်၊ စစ်သား ၃ ဦးသေကာ ၈ ဦးဒဏ်ရာရပြီး ၂ ဦးအရှင်ဖမ်းမိ…

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်အတွင်းရှိ ကံပြားရွာဘက်ကနေ သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PDF အမည်ခံပြီး ငွေညှစ်နေသူများကို NUG/MOD အရေးမယူရင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အရေးယူမည်ဖြစ်ကြောင်း Unicorn ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသအတွင်းမှာ PDF အမည်ခံပြီး ပြန်ပေးဆွဲ၊ ငွေညှစ်နေသူတွေကို NUG/MOD အနေနဲ့ အရေးယူခြင်းမလုပ်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အရေးယူသွားမယ့်အကြောင်း Unicorn ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

တာဝန်မှ ရုတ်သိမ်းခံရခြင်းကို လူမှုကွန်ရက်တွင် သတင်းတက်လာမှ သိရပြီး ဒါဟာ တပ်တွင်း အာဏာသိမ်းမှု ဖြစ်သည်ဟု ဒေါက်တာ သီရိမွန်ချမ်း ပြော

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ MSDF ရဲ့ နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌဖြစ်သူ ဒေါက်တာသီရိမွန်ချမ်းကို တာဝန်ကနေ ထုတ်ပယ်လိုက်ကြောင်း ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၁၆ နှစ်အရွယ် မိန်းကလေးငယ်အပါ ၄ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ရှိ လိပ်ကျကျေးရွာနဲ့ ဇရပ်ကွင်းကျေးရွာတို့မှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။