စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့ရဲ့ကထင်ကရနေရာတစ်ခုမှာ ဒီကနေ့ မနက်ပိုင်း အာဏာသိမ်းငါးနှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်ကျင်းပတဲ့ အဆိုပါစစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှာ “တော်လှန်ဒီရေမြင့်သစ်သို့” ဆိုတဲ့ဘန်နာကို ကိုင်ဆာင်လျှက် ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

“တော်လှန်ခရီးကြမ်း (၅)နှစ်တိုင်ခဲ့‌ချေပြီ။ (၅)နှစ်တာကာလအတွင်း စစ်ရေး၊နိုင်ငံရေး အနိမ့်အမြင့် အတက်အကျ အလှည့်အပြောင်း များစွာကို ရင်ဆိုင်ကြုံတွ့ခဲ့ရပေသည်။ ယခုထက် ပိုမိုခိုင်မာအား‌ကောင်းသည့် စုစည်းညီညွတ်မှု၊ စုဖွဲ့ပြင်ဆင်မှုတွေနဲ့အတူ တော်လှန်ပြည်သူလူထုအားနဲ့ တော်လှန်ဒီရေ အရှိန်အဟုန်မြှင့်တင်ကာ အခက်ခဲ ကျောက်ဆောင်တွေကို ကျော်ဖြတ်ကြပါစို့” လို့လည်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သတင်းစကားပါး ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

ယနေ့မနက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ လူနေရပ်ကွက်အတွင်းကို ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်အပါအဝင် ပြည်သူ ၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တောကျီးကန်းတပ်ရင်း ရဲဘော်များ၏ နေထိုင်လှုပ်ရှားမှုပုံရိပ်များ ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်မှာရှိတဲ့ တောကျီးကန်းတပ်ရင်း ရဲဘော်တွေရဲ့ နေထိုင်လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ စက်တပ်လေထီး ၂ စီးကို တော်လှန်ရေးတပ်တွေ ပစ်ခတ်၊ အကြမ်းဖက် မောင်းသူတစ်ဦး ပေါင်ထိမှန်ကာ ဖြတ်တောက်ခံရနိုင် (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ ကနေ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို ဗုံးကြဲဖို့ တက်လာတဲ့ စက်တပ်လေထီး Paramotor ၂ စီးကို တော်လှန်ရေရဲဘော်တွေက ပွိုင့်-၅ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေကြီးနေပြီး လူအများအပြား အရေးပေါ်ရွှေ့ပြောင်းနေရ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် ရှမ်းပြည်နယ် တာချီလိတ်မြို့ပေါ်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လူအများအပြား အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ချောင်းဦးမြို့အဝင် အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၅ ဦး သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အကျဆုံးတွေရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ် ယောချောင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေ (ရုပ်သံ)

မကွေးတိုင်း ပေါက်မြို့နယ်အတွင်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအလောင်း ၃ လောင်းနဲ့ လက်နက်ခဲ ယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ Young Revolution Frontမှ မနေ့က သတင်းထုတ် ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က ပေါက်တောင်ပိုင်း သီးခြောက်ရွာမှ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်း ထိုးလာတဲ့ အကြမ်းက်စစ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ယောချောင်းတစ်နေရာမှာ ထိ တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။