အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၅ နှစ်ပြည့်မြောက်အဖြစ် တောင်ကိုရီးယားရောက် မြန်မာတော်လှန်ရေးအင်အားစုများ စုပေါင်းပြီး “အကြမ်းဖက်စစ်တပ် ဆန့်ကျင်အမြစ်ဖြတ်” လူထုဆန္ဒပြပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ဘိုရှီးဂတ်ရင်ပြင် (Bosingak Park) မှာ နေ့လယ် ၁၂ နာရီကနေ ၃ နာရီအထိ လူထုဆန္ဒပြပွဲကို တခဲနက် ကျင်းပဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ လူထုဆန္ဒပြပွဲကို “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ” မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံအခြေစိုက် NUG ကိုယ်စားလှယ်ရုံးအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၄၀ ကျော်တို့မှ အင်အား ၃၀၀ ခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနဲ့ ကိုရီးယားရောက်မြန်မာများ တက်ရောက် အားဖြည့်ခဲ့ကြတယ်လို့ သိရပါတယ်။
Video – Kyaw San