အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၅ နှစ်ပြည့်မြောက်အဖြစ် တောင်ကိုရီးယားရောက် မြန်မာတော်လှန်ရေးအင်အားစုများ စုပေါင်းပြီး “အကြမ်းဖက်စစ်တပ် ဆန့်ကျင်အမြစ်ဖြတ်” လူထုဆန္ဒပြပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ဘိုရှီးဂတ်ရင်ပြင် (Bosingak Park) မှာ နေ့လယ် ၁၂ နာရီကနေ ၃ နာရီအထိ လူထုဆန္ဒပြပွဲကို တခဲနက် ကျင်းပဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ လူထုဆန္ဒပြပွဲကို “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ” မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံအခြေစိုက် NUG ကိုယ်စားလှယ်ရုံးအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၄၀ ကျော်တို့မှ အင်အား ၃၀၀ ခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနဲ့ ကိုရီးယားရောက်မြန်မာများ  တက်ရောက် အားဖြည့်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Kyaw San

0 Shares:
You May Also Like
Read More

ဒီယဲယင်းမြို့နယ်မှာ အရပ်သားနေအိမ်တွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ အရပ်သားနေအိမ်တွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို စက်တင်ဘာ ၁၆ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Bo Tiger – ဗိုလ်ကျားကြီးအဖွဲ့ထံက သိရပါတယ်။
Read More

ဆီဆိုင်မြို့နယ်တွင် စစ်တပ်လက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီးနေ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာသစ်နဲ့ တပူးထိုကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ခရိုနီ နေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပလမြို့ထဲ အကြမ်းဖက်စစ်တပ်ကို ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်သည့် မှတ်တမ်း (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလမြို့ထဲမှာ အကြမ်းဖက်စစ်တပ်ကို သြဂုတ်အတွင်း ဒရုန်းစစ်ဆင် ရေးလုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသ-၁၊ တနင်္သာရီတိုင်းစစ်ဌာန၊ အမှတ် (၁၈၁၄) တိုင်းဒရုန်းတပ်ဖွဲ့ Dragon Squad - TNI က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆားလင်းကြီးမြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ PDF ရဲဘော် ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၁ က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တပ်စွဲထားတဲ့ နေရာတွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Sagaing District Drone Force မှ သတင်းထုတ်ပြန်ထား ပါတယ်။ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက မြင်းမူမြို့နယ် အလ္လကပ္ပရွာ ပြည်သူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲ နေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ အလ္လကပ္ပရွာ အရှေ့ဘက် ဒို့မြန်မာကျော်ဆီဆိုင်မှာ အထိုင်ချထား တဲ့ အကြမ်းဖက်စစ်သားတွေကို Fixed wing drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရိက္ခာထုပ်ကောက်သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာထုပ်တွေ လာ‌ကောက်တဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ အဖြူရောင် D.P.Y အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။