မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၅ နှစ်ပြည့်မြောက်တဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတော်လှန်ရေးအင်အားစုများ စုပေါင်းပြီး “အကြမ်းဖက်စစ်တပ် ဆန့်ကျင်အမြစ်ဖြတ်” လူထုဆန္ဒပြပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တယ်လို့ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ချုပ် (MFDMC) ရဲ့ အတွင်းရေးမှူး ကိုလင်းအိမ်ထံမှ သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ၊ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ဘိုရှီးဂတ်ရင်ပြင် (Bosingak Park) မှာ နေ့လယ် ၁၂ နာရီကနေ ၃ နာရီအထိ အဆိုပါ လူထုဆန္ဒပြပွဲကို တခဲနက် ကျင်းပဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ လူထုဆန္ဒပြပွဲကို “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ” မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံအခြေစိုက် NUG ကိုယ်စားလှယ်ရုံးအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၄၀ ကျော်တို့မှ အင်အား ၃၀၀ ခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနဲ့ မော်ဒယ် မေမြတ်နိုးအပါအဝင် ကိုရီးယားရောက်မြန်မာများ တက်ရောက် အားဖြည့်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲမှာ ကိုရီးယားရောက် မြန်မာပြည်သူတွေက သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝ (လုံးဝ) လက်မခံကြောင်းနဲ့ အဲဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် လိမ်လည်မှုသာဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲမှတစ်ဆင့် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လည်း စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်ရန်ဖို့ NUG အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အထူးသဖြင့် တောင်ကိုရီးယားအစိုးရအနေနဲ့ စစ်တပ်အပေါ် တင်းမာတဲ့ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းဖို့၊ လက်နက်နဲ့ နည်းပညာဝယ်ယူမှု ကွန်ရက်တွေကို ဖြတ်တောက်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကော်မရှင်မှတဆင့်မဟုတ်ပဲ စစ်ဘေးသင့်ပြည်သူတွေထံ တိုက်ရိုက်ရောက်ရှိနိုင်မယ့် လမ်းကြောင်းတွေကနေ ပေးအပ်ဖို့အတွက် တိုက်တွန်းနှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ တောင်ကိုးရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာလည်း ဘူဆန် Network နဲ့ MFDMC တို့ပူးပေါင်းပြီး အကြမ်းဖက်အာဏာသိမ်း ၅နှစ်ပြည့် လူထုဆန္ဒပြပွဲကို ဒီကနေ့မှာပဲ တပြိုင်နက် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၆၀ ကျော် နစ်နာကြေးမရဘဲ အလုပ်ထုတ်ခံရမှုကို NUG အလုပ်သမားရေးဝန်ကြီးဌာန အမှုဖွင့်တိုင်ကြား…

ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့ရှိ ပါကေးစက်ရုံမှာ မြန်မာလုပ်သား အယောက် ၆၀ ကျော် နစ်နာကြေးမရရှိဘဲ အလုပ်ကနေ မတရားထုတ်ခံရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်ဒိုနီးရှားက မြန်မာ့အရေးဆွေးနွေးပွဲမှာ RCSS တက်ရောက်ခဲ့

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးမှာ တက်ရောက်ခဲ့ကြောင်း RCSS က ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကုလလို နိုင်ငံတကာ အဖွဲ့အစည်းတွေ အားလုံး ရေဘေး အကူအညီတွေပေးအပ်ရေးအတွက် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ တိုက်တွန်း

ကုလလို နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ မြန်မာပြည်ရေဘေးအတွက် အကူအညီပေးဖို့ လိုအပ်ပေးမယ့် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားလိုက်ပါတယ်။
Read More

CRPH နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) တို့ တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်က ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

လူမျိုးတုံး သတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC အစိုးရရှေ့နေ တောင်းဆို

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေချုပ်က တရားသူကြီးတွေကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
Read More

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tom Andrews က NUG ဒုဝန်ကြီးနဲ့ သြစတေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်တို့နဲ့ တွေ့ဆုံခဲ့

သြစတေးလျနိုင်ငံ ကင်ဘရာမြို့မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tom Andrews က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့နဲ့ အောက်တိုဘာလ ၁၀ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။