တနင်္သာရီတိုင်း လောင်းလုံးမြို့မရဲစခန်းအား ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးသံ မဏိလိပ်ပြာတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက လောင်းလုံးမြို့မရဲစခန်းအား ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့ရာ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးပြီး စစ်အုပ်စုအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ LLSBF ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် TPLF ၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားတော်လှန်ရေးတပ် SRF နဲ့ Dragon Squad 2 အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Video – Steel Butterfly Force