မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကော်မရှင်ဘက်က သုံးပွင့် ဗိုလ်ကြီး(၁) ယောက်အပါအဝင် စစ်သား (၂၇) ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) သတင်းပြန်ကြားရေးတာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၈) ရက်နေ့က ချောက်မြို့နယ်အတွင် အင်အား ၁၅၀ နီးပါးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဗမာ့တပ်တော်၊ လက်ရုံးတပ်ဖွဲ့ နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့​တွေက (၂) ကြိမ်တိတိ တိုက်ခိုက်ခဲ့တာပါ။

ပထမဆုံးအနေနဲ့ အကြမ်းဖက်စစ်ကြောင်းဟာ အဲ့ဒီနေ့မနက်ပိုင်းမှာ ချောက်မြို့နယ်အတွင်းက ဗမာ့တပ်တော် စိုးမိုးထားတဲ့နယ်မြေ​တွေထဲ ဝင်ရောက်လာချိန်မှာ ထိန်ကန်ကျေးရွာနဲ့ လွင်ကြယ်ကန်ကျေးရွာအရောက် တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းကွင်းထဲဝင်တိုးမိပြီး ပေါက်ကွဲမှုတွေဖြစ်ကာ ထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေ့လည်ပိုင်းအရောက်မှာလည်း တော်လှန်ရေးတပ်တွေက ထပ်မံ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်း အထိနာသွားပြီး လက်နက်ကြီးတွေပစ်ကူတွေနဲ့ ဆုတ်ခွါသွားခဲ့တယ်လို့ ဗမာ့တပ်တော်က ထုတ်ပြန်ပါတယ်။

စစ်‌ကြောင်းဟာ အဲ့ဒီနေ့ ညနေပိုင်းမှာ ထိန်ကန်ကျေးရွာက​ အရပ်သားနေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို နောက်တစ်နေ့ ဇန်နဝါရီလ (၂၉)ရက် မနက်ပိုင်းမှာလည်း ထိန်ကန်ကျေးရွာက အရပ်သား ၁ ယောက်နဲ့ လမ်းပြ အရပ်သား ၁ ယောက်တို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရပ်သားပိုင် ဆိုင်ကယ်​​တွေကိုပါ မိးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပြီး အဲ့ဒီနေ့မှာပဲ နောက်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ပြောပါတယ်။

” တိုက်ပွဲမှာ သူတို့အထိနာတာက မိုင်းနဲ့ ထိတာလဲရှိသလို ပစ်ခတ်ရင်း ထိတာတွေလည်း ပါပါတယ်” လို့ ဗမာ့တပ်တော်(BAMAR ARMY) သတင်းပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ပွဲကို ဗမာ့တပ်တော်(BAMAR ARMY)၊ အမှတ်(၃)စစ်ဦးစီးကွပ်ကဲ‌ရေးဒေသ၊ အမှတ် (၇၀၇)တပ်ရင်း လက်ရုံးတပ်ဖွဲ့နဲ့အတူ မဟာမိတ်တပ်​တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေဘက်က အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဖြူပင်ရဲစခန်းကို ပို့မယ့် စစ်ကောင်စီတပ်ရဲ့ ရိက္ခာထုပ်တွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းဆီ ပို့မယ့် စစ်ကောင်စီရဲ့ ရိက္ခာထုပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDF က ထုတ်ပြန်ထားပါတယ်။
Read More

DMO Local PDF နဲ့ ကလလတ တို့ ရပ်မိရပ်ဖတွေနှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမောဆို (DMO Local PDF) တပ်ဖွဲ့နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး - KNPLF (ကလလတ) တပ်ဖွဲ့တို့က ရပ်မိရပ်ဖတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ DMO Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ စစ်ကောင်စီတပ်အထိုင်စခန်းက ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၄ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု(၂) ရှိ အကြမ်းဖက်စစ်ကောင်စီ အထိုင်စခန်းတွေက ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၄ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ မြိုင် ပကဖ တပ်ရင်း ၃ ၊ တပ်ခွဲ ၁ - ဝံပုလွေပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ ကော်သူးလေ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနား ကျင်းပ…

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနက ဦးဆောင်ပြီး ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနားကို နိုဝင်ဘာလ (၂၁) ရက်မှာ ကျေးရွာတွေနဲ့ ဌာနတွေက စုစုပေါင်း လူဦးရေ (၁၂၀) ဝန်းကျင်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

နယ်စပ်ကုန်သွယ်ရေးစခန်းအများစု တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ရောက်နေချိန် တရုတ်နဲ့ ကုန်သွယ်မှုတိုးမြှင့်မယ်လို့ မင်းအောင်လှိုင်ပြော

တိုင်းရင်းသား လက်နက်ကိုင်တွေ လက်ထဲရောက်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တရုတ်နဲ့ကုန်သွယ်မှု အရှိန်တိုးမြှင့်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မင်းဘူးနှင့် အထက်မင်းလှ ကျေးရွာများတွင်  အကြမ်းဖက်စစ်တပ် ထုတ်ကုန်များ ရောင်းဝယ်သုံးစွဲနေမှုကို USBA  တားဆီး

မကွေးတိုင်း၊ မင်းဘူးနဲ့ အထက်မင်းလှ မြို့နယ်အတွင်းက ကျေးရွာတွေမှာ သွေးစွန်းငွေ ဖြတ်တောက်ရေး ပညာပေးလှုပ်ရှားမှုအဖြစ် အကြမ်းဖက်စစ်တပ်ထုတ်ကုန် ရောင်းချနေသူတွေကို တစ်လအတွင်း အပြီးသတ်ရောင်းချပြီး နောက်ထပ် မရောင်းချဖို့ အသိပေးခဲ့ တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA တာဝန်ရှိသူက မောင်းကို ပြောပါတယ်။