ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့မှာ မြန်မာပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းမှုကို ခုခံတွန်းလှန်းခဲ့တဲ့ ပြည်သူ့တော်လှန်ရေး ၅ နှစ်ပြည့် လှုပ်ရှားမှုအဖြစ် ဂျပန်နိုင်ငံရောက် မြန်မာပြည်သူများက မြန်မာသံရုံးရှေ့သို့ ချီတက် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

”ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျည်းသားများ ချက်ချင်းလွတ်၊ စစ်အာဏာရှင်စနစ် ကျဆုံး ပါစေ၊ အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေမှုများ ချက်ချင်းရပ်၊ အကြမ်းဖက်စစ် အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ၊ နွေဦးတော်လှန်ရေးအရေးတော်ပုံ အောင်ရမည်” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Video – Revolution Tokyo Myanmar

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့နယ်အတွင်း အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ကြဖို့ လူထုလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တစ်နေရာမှာ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ လူထု လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီမှ ဒီဇင်ဘာ ၁၀ နေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ ပူး ပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ဒုတိယအကြိမ်တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက အောက်တိုဘာ ၈ ရက် မနက်အစောပိုင်းက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်မောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးထက်မနည်း သေ (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ နတ်မောက်ဂဠုန် PDF ထံက သိရပါတယ်။
Read More

စလင်းမြို့နယ်အတွင်း သံချပ်ကာယာဉ်နှင့် တင့်ကားအပါ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် ကံပြားကျေးရွာဘက်ကနေ ကန်ဘောင်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းထံက သိရပါတယ်။
Read More

သထုံမြို့ နောင်ဘိုရွာအဝင်ဆိုင်းဘုတ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ‌နောင်ဘိုရွာအဝင်ဆိုင်းဘုတ်မှာ စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း စာရွက်တွေကပ်ပြီး ပြည်သူတွေကို အသိပေး နှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ရွှေမြို့နယ် ရှမ်းတောင်အထူးတပ်ဖွဲ့များ ကင်းထိုင်ရာ ရွာ ၂ ရွာကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ရှမ်းတောင်အထူးတပ်ဖွဲ့တွေ ကင်းထိုင်ရာ ရွာ ၂ ရွာကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 က သတင်းထုတ်ပြန်ထားပါတယ်။