ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့မှာ မြန်မာပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းမှုကို ခုခံတွန်းလှန်းခဲ့တဲ့ ပြည်သူ့တော်လှန်ရေး ၅ နှစ်ပြည့် လှုပ်ရှားမှုအဖြစ် ဂျပန်နိုင်ငံရောက် မြန်မာပြည်သူများက မြန်မာသံရုံးရှေ့သို့ ချီတက် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
”ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျည်းသားများ ချက်ချင်းလွတ်၊ စစ်အာဏာရှင်စနစ် ကျဆုံး ပါစေ၊ အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေမှုများ ချက်ချင်းရပ်၊ အကြမ်းဖက်စစ် အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ၊ နွေဦးတော်လှန်ရေးအရေးတော်ပုံ အောင်ရမည်” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Video – Revolution Tokyo Myanmar