မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်မြောက်တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ (EU) က သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ဥရောပသမဂ္ဂ (EU) ရဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို အနီးကပ်စောင့်ကြည့်ခဲ့ကြောင်းနဲ့   ရွေးကောက်ပွဲဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှု မရှိခဲ့သလို၊ လွတ်လပ်တရားမျှတတဲ့ အခြေခံစံနှုန်းများ ပြည့်မီမှု မရှိခဲ့တဲ့အပြင် ယုံကြည်စိတ်ချရမှု၊ ပွင့်လင်းမြင်သာမှုနဲ့ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းများလည်း မရှိခဲ့ကြောင်း EU က ထောက်ပြဝေဖန်ခဲ့တာဖြစ်ပါတယ်။

ဒီလို ကြောက်ရွံ့မှုတွေ လွှမ်းမိုးနေတဲ့ ပတ်ဝန်းကျင်နဲ့ အခြေခံလွတ်လပ်ခွင့်တွေ ကန့်သတ်ခံထားရတဲ့ အခြေအနေအောက်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို ရှုတ်ချကြောင်းလည်း EU က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းမှု ၅ နှစ်တာကာလကို ရောက်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံဟာ ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီး ပြည်သူသန်းပေါင်းများစွာဟာလည်း ဆင်းရဲဒုက္ခတွေကို အလူးအလဲ ခံစားနေရဆဲဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်တပ်အနေနဲ့ အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေ အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ လူ့အခွင့်အရေး လေးစားလိုက်နာဖို့ကိုလည်း EU ကနေ အလေးအနက် တောင်းဆိုထားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ထောက်ခံပြီး ဥရောပသမဂ္ဂအနေနဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို လိုလားတောင့်တတဲ့ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း ဆက်လက်ရပ်တည်သွားမယ်လို့ အတည်ပြု ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် လုံး၀ ပတ်သက်မှုမရှိကြောင်း KNLA ဗဟိုစစ်ဦးစီးဌာနချုပ် ထုတ်ပြန်…

ထိုင်းနိုင်ငံအတွင်း မတ်လ ၂၁ ရက်မှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ လုံး၀ စပ်ဆိုင်ပတ်သက်မှုမရှိကြောင်း ကရင်အမျိုသားအစည်းအရုံး(KNU) ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူထားတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဦးစီးဌာနချုပ်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စုရွေးကောက်ပွဲ တရားမမျှတနိုင်၊ ဥရောပသမဂ္ဂအနေနဲ့ အသိအမှတ်မပြုဘူးလို့ EU လူ့အခွင့်အရေးကိုယ်စားလှယ် ပြော

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မြန်မာစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကို ဥရောပသမဂ္ဂ (EU) အနေနဲ့ အသိအမှတ်ပြုမှာ မဟုတ်ကြောင်း EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Kajsa Ollongren က ပြောပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်မှာ ကျားဖြန့်လိမ်လည်မခံရစေဖို့ ထိုင်းအာဏာပိုင်တွေ ပညာပေးဆိုင်းဘုတ်တွေ လိုက်ထောင်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လိမ်လည်မှု မခံရစေဖို့အတွက် အသိပညာပေးဆိုင်းဘုတ်တွေ လိုက်ထောင်နေတယ်လို့ သိရပါတယ်။
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိဖြစ်သူနဲ့ တွေ့ဆုံခဲ့

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၉) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ် ဆောင်ရွက်မယ့် Philemon Yang နဲ့ စက်တင်ဘာ ၁၆ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုထိန်လင်း တရုတ််နိုင်ငံကို အကူအညီတောင်း…

"ဒီနေ့ ကျွန်တော် မေမေလွတ်မြောက်စေဖို့ တရုတ်နိုင်ငံမှ အကူအညီပေးရန် တောင်းဆိုခဲ့ပါတယ်။ မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မှုဟာ သင့်မြတ်ပေါင်းစည်းမှုနဲ့ တည်ငြိမ်ရေး အတွက် အရေးကြီးဆုံး ပထမခြေလှမ်း ဖြစ်ပါတယ်"လို့ ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

NUG အပါအ၀င် AA နဲ့ KIA တို့ပါ၀င်တဲ့ တော်လှန်ရေးအင်အားစုတွေကို ဒေလီ ဆွေးနွေးပွဲအတွက် တရား၀င် ဖိတ်ကြား

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပမယ့် ICWA ပွဲကိုတက်ရောက်ဖို့ မြန်မာနိုင်ငံက တော်လှန်ရေးအင်အားစု တွေကိုအိန္ဒိယက တရား၀င်ဖိတ်ကြားလိုက်ပါတယ်။ ဒါဟာ အနောက်နိုင်ငံများက အရေးယူပိတ်ဆို့နေတဲ့ စစ်ကောင်စီကို ဖယ်ရှားကာအိန္ဒိယအစိုးက တော်လှန်ရေးအင်အားစုတွေကို ထူးခြားတဲ့ ဖိတ်ခေါ်ချက်တစ်ရပ်ပဲဖြစ်ပါတယ်။