မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်သားအချင်းချင်း စကားများရန်ဖြစ်ရာမှ တပ်သားအဆင့်ရှိသူက တပ်ကြပ်ကြီးဖြစ်သူကို သေနတ်နဲ့ပစ်ခတ် ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃၁ရက် မနေ့ နေ့လည်ပိုင်းမှာ ထီးလင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ကျနေတဲ့ တပ်မ ၉၉ လက်အောက်ခံတပ်သား တစ်ယောက်နဲ့ တပ်ကြပ်ကြီးဖြစ်သူတို့ အချေအတင် စကားများရန်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီလို ရန်ဖြစ်စကားများကြရာကနေ တပ်သားရဲဘော်က တပ်ကြပ်ကြီးဖြစ်သူကို သေနတ်နဲ့ပစ်ခတ်ပြီး မြို့ပြင်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တာဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကိုပြောပါတယ်။

ယင်းပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီးဖြစ်သူဟာ ဆေးကုသမှုခံရယူနေရပြီး၊ ပစ်ခတ်သွားတဲ့ တပ်သားရဲဘော်လည်း လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ထီးလင်းမြို့တွင်းအပါအဝင် အနီးနားဝန်းကျင်မှာ တောနင်းရှာဖွေနေတယ်လို့လည်း သိရပါတယ်။

” အရင်ကလည်း ယောနယ်(ဂန့်ဂေါခရိုင်) ထဲမှာ ဒီလိုမျိုး အချင်းချင်းပစ်ပြီး ထွက်ပြေးတာမျိုးတွေရှိခဲ့ပါတယ်။ အဲ့တုန်းက တော်လှန်ရေးအင်အားစုတွေဆီ ခိုလှုံကြတယ်။ အခုလည်း ဒီလိုဖြစ်ဖို့များတယ်” လို့ ကိုမင်းဒဿက မောင်းကိုဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်ထဲမှာ ထီးလင်းမြို့ကနေ ပြောင်းရွှေ့သွားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနေရာကို မိတ္ထီလာအခြေစိုက် တပ်မ (၉၉) က တပ်သားတွေ ရဟတ်ယာဥ်များနဲ့ အစားထိုးရောက်ရှိနေတာဖြစ်ပြီး လက်ရှိအချိန်အထိ ထီးလင်းနယ်ဝန်းကျင်မှာလည်း စစ်ကြောင်းတွေထိုးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီက ရေဘေးသင့်ပြည်သူတွေအတွက် အမှတ် ၁၀၀၅ တပ်ရင်း (ရှမ်းတောင် PDF) ထောက်ပို့ပံ့ပိုးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၅) တပ်ရင်း၊ ရှမ်းတောင် (SSPDF)က ရေဘေးသင့် ပြည်သူများလိုအပ်နေတဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေက ပေးပို့လာတဲ့ ဆန်၊ဆီ နဲ့ခေါက်ဆွဲခြောက် (စားနပ်ရိက္ခာတချို့)ကို ‌ကရင်နီဒေသအတွင်းမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေဆီ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရချိန် ညောင်ဦးအနောက်ဘက်ခြမ်း ရွာများကို စစ်​အုပ်စု အင်အားအလုံးအရင်းသုံးပြီး မီးရှို့ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

မင်းတုန်းတွင် စစ်အုပ်စုထိန်းချုပ်ရာ နယ်မြေထဲ ဝင်ရောက်ကာ စစ်တပ်ထုတ်ကုန်များကို စစ်ဆေးဖျက်ဆီးပြ၊ အတုအယောင် ရွေးကောက်ပွဲ မလုံခြုံကြောင်း သတိပေးခြင်းလည်းဖြစ်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ မင်္ဂလာဦးကျေးရွာက ဆိုင်တချို့ကို သွား​ရောက်စစ်ဆေးရင်း ထုတ်ကုန်တွေကို ဖျက်ဆီးကာ ရောင်းချနေသူတွေကို ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA တာ၀န်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။ 
Read More

ရွှေကျင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ (၁) ဦးဒဏ်ရာရပြီး နေအိမ် (၃) လုံးနှင့် စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ (၁) ယောက် ဒဏ်ရာရပြီး နေအိမ် (၃) လုံးနဲ့ စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့နယ်၊ စွန်းလွန်းစစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေရှိနေတဲ့ စွန်းလွန်းဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Natogyi Regional Defence Force- NRDF က သတင်းထုတ်ပြန်ပါတယ်။
Read More

အမေရိကန်ရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ မြန်မာလူမျိုးများ တွေ့ဆုံခဲ့ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘေးဧရိယာ၊ ယူနီယံစီးတီး၊ မြန်မာကွန်မြူနီတီစင်တာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ မြန်မာလူမျိုးတွေနဲ့ မေလ ၃၁ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ NUG  နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။