မကွေးတိုင်း ပေါက်မြို့နယ်အတွင်း အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက်လုံး ထိခိုက်မှုတွေရှိခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း – ၁၂ မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၀ ရက်က ပေါက်မြို့နယ် ကပစ ၂၄ က အင်အား ၂၀၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ သစ်ချိုကုန်း၊ပင်တောင်၊တပ်ကုန်း၊ရွာသစ်၊ ကိုင်းလယ်(ရဲစခန်း)မှ စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့်နဲ့ ထပ်မံပူးပေါင်းပြီး ထန်းတောလည်ကျေးရွာကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးနေချိန်မှာ ပခုက္ကူခရိုင် အမှတ် (၁၂) တပ်ရင်းမှ ရဲဘော်  ဟိန်းထက်  အသက် (၂၁)  နဲ့ ပေါက်မြို့နယ်၊စမ်းရေခုံကျေးရွာမှ ပြည်သူ မောင်ဝေဖြိုးပိုင် အသက်   (၁၆)  တို့ဟာ ပြည်သူများ ရှောင်ရှားနိုင်ဖို့ သွားရောက်ပြောကြားရာကနေ စစ်တပ်စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထန်းတောလည်ကျေးရွာမှာ တိုက်ပွဲ ၅ နာရီကြာဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦး ဒဏ်ရာရရှိသွားကာ တော်လှန်ရေးရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဇန်နဝါရီ ၂၃ ရက်က ပြည်သူပိုင်ပစ္စည်းများ ခိုးယူပြီး တပ်ကုန်း ပျူရွာကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက်မှာ ပေါက်မြို့နယ် တဲတော်ယာတောင်စုကိုလည်း အကြမ်းဖက်စစ်တပ်က ထပ်မံစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နံနက် ၈ နာရီ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၇ ရက်မှာတော့ တဲတောင်ယာတောင်စုမှ ပြည်သူပိုင်ပစ္စည်တွေခိုးယူပြီး ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထပ်မံတိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်၊

အဲဒီတိုက်ခိုက်မှုတွေကို  စစ်ကြောင်းမှူး ဝဏ္ဏနှင့်  ဒုစစ်ကြောင်းမှူး ဆံရှည်တို့ ဦးဆောင်ပြီး ပခုက္ကူခရိုင် အမှတ်  (၁)၊(၅)၊(၁၁)၊(၁၂)၊(၁၈) ၊Young Revolution Front နဲ့ ပေါက်မြို့နယ် ပ.က.ဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – ပခုက္ကူခရိုင်တပ်ရင်း-၁၂

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ်အတွင်း စစ်တပ်သံပြားကာကားများနှင့် ကြေးနီတင်တွဲကားများကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေပြီး ၆ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာကား ၈ စီးနဲ့ ကြေးနီတင်တွဲကား ၂၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Brave Heart Army -BHA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်မြို့ စစ်ဘေးရှောင်များကို KPDF နှင့် တပ်ပေါင်းစု ကယ်ထုတ်ဖို့ လုပ်ဆောင်နေစဉ် အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ညောင်ပင်ရပ် တောင်လေးလုံးဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စစ် ဘေးရှောင်ပြည်သူတွေကို KPDF နဲ့ တပ်ပေါင်းစုတွေ ကယ်ထုတ်ဖို့ လုပ်ဆောင်နေချိန်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ယောက်က လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ရေပူရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်များအား တိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာအနီး ဖေဖော်ဝါရီ ၁၆ ရက်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကား၂ စီးကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၁၃ ဦး သေပြီး သေနတ် ၂ လက် ရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်လမ်းခွဲကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းလာ တဲ့ ကား ၂ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ Black Eagle Defence Force - MMU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ်ရှိ ပျူခေါင်းဆောင် နေလင်းနဲ့ အဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ပေါ်မှ ပျူခေါင်းဆောင် နေလင်းခ(ရဲဘော်ကြီးနဲ့ အပေါင်းအပါတွေ စီးနင်း လာတဲ့ ယာဉ်ကို ဧပြီ ၂၀ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေခဲ့တယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ရဲ့ အ​ခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၆ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၆ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာန (MOD)က ထုတ်ပြန်ထားပါတယ်။