မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရဆီကနေ စစ်တပ်က အကြမ်းဖက်အာဏာသိမ်းယူခဲ့တာ ၅ နှစ်ပြည့်မြောက်တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သြစတြေးလျနဲ့ ယူကေနိုင်ငံတို့က မြန်မာပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး မြန်မာပြည်သူတွေဟာ အဆမတန် တိုးမြင့်လာတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဒုက္ခတွေကိုလည်း အဆက်မပြတ် ရင်ဆိုင်နေရပြီး လက်ရှိ ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံက လူပေါင်း ၁၆.၂ သန်းခန့်မှာ အခြေခံအကူအညီတွေ လိုအပ်နေသလို၊ ပြည်သူ ၃.၆ သန်းကျော်လဟာည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သြစတြေးလျ သံရုံးကနေ ဆိုထားပါတယ်။ 

ယူကေနိုင်ငံခြားရေးဝန်ကြီး Yvette Cooper ကလည်း “မြန်မာကလေးသူငယ်စုစုပေါင်းရဲ့ တစ်ဝက်ခန့်ဟာ ပညာသင်ယူခွင့်မရကြပါဘူး။ ထို့အတူ မိန်းကလေးငယ်များနဲ့ အမျိုးသမီးများဟာလည်း အကြမ်းဖက်မှုများ ဆက်လက်ကြုံတွေ့နေရပါတယ်” လို့ ဆိုထားတာပါ။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်တပ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ တရားမျှတမှု မရှိကြောင်း၊ ရွေးကောက်ပွဲတွေဟာ အတိုက်အခံပါတီတွေ ပါဝင်ခွင့်မရဘဲ ဖိနှိပ်မှုတွေကြားမှ ပြုလုပ်ခဲ့တာကြောင့် မြန်မာပြည်သူတွေနဲ့ ဆန္ဒနှင့် ကိုက်ညီမှုမရှိကြောင်းကို ယူကေနှင့် သြစတြေးလျ နှစ်နိုင်ငံလုံးက တညီတညွတ်တည်း သဘောထားပြသခဲ့တာလည်းဖြစ်ပါတယ်။ 

အထူးသဖြင့် ပြည်သူ့ဆန္ဒကို ငြင်းပယ်ပြီး နိုင်ငံရေးလွတ်လပ်ခွင့်တွေကို ဖျက်ဆီးလိုက်တဲ့ စစ်အုပ်စုက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှုမရှိသလို တရားမဝင် ဟုလည်း UK နိုင်ငံက ဆိုလိုက်ပါတယ်။

သြစတြေးလျနဲ့ ယူကေအစိုးရတို့ဟာ စစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အဟန့်အတားမရှိ ဝင်ရောက်ခွင့်ပြုဖို့ကို တောင်းဆိုထားပါတယ်။ 

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ကို အလေးအနက် တောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။ 

ယူကေနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း မြန်မာပြည်သူ ၁.၄ သန်းကို လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ခဲ့ပြီး ၁.၃ သန်းကို ကျန်းမာရေး ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

နှစ်နိုင်ငံလုံးအနေနဲ့ မြန်မာပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်နဲ့ တည်ငြိမ်မှုရရှိရေးအတွက် စစ်မှန်တဲ့ ကြိုးပမ်းမှုတွေကို ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ ကတိပြုကြောင်း သဘောထား ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ ဖြစ်တယ်လို့ ဘန်ကောက်မှာ ပြုလုပ်တဲ့ မြန်မာ့အရေးအာဆီယံ ၉ နိုင်ငံ ရဲ့ အလွတ်သဘောအစည်းအဝေးအပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာကရစ်ရှနန် က ပြောဆိုလိုက်ပါတယ်။
Read More

အင်ဒိုနီးရှားမှာ ခရီးသည်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားပြီး ၅ ယောက် သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည်တင် ၂၈၀ ‌ကျော် လိုက်ပါစီးနင်းလာတဲ့ သင်္ဘော ၁ စီး မီးလောင်မှုဖြစ်ပွားပြီး လူ ၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

“နင့်ကို ငါတို့ မကြိုဆိုဘူး … လူသတ်ကောင် မင်းအောင်လှိုင်” ဆိုင်းဘုတ်ကိုင်စွဲကာ ထိုင်းတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

ထိုင်းနိုင်ငံကို (BIMSTEC) အစည်းအဝေး တက်ဖို့ ရောက်ရှိနေတဲ့ မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဦးဆောင်ပြီး ဘန်ကောက်မြို့ Bangkok Art and Culture Centre ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ကိုရီးယား နိုင်ငံရေးပါတီ ၆ ခု ပြင်းထန်စွာ ကန့်ကွက်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆို

ကိုရီးယားနိုင်ငံ အာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီ ၆ ခုနဲ့ အတိုက်အခံအမတ်တွေဟာ မကြာခင်ကျင်းပမယ့် မြန်မာအကြမ်းဖက် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့လည်း မနေ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာ့ငလျင်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ကနေဒါ ထောက်ပံ့မယ်

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ပေးအပ်သွားမယ်လို့ ကနေဒါအစိုးရက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင် အကျုံးဝင်စေဖို့ အာဆီယံလိုလားဟုဆို

လာမဲ့နှစ် စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင်အကျုံးဝင်စေဖို့ အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ လိုလားမှာဖြစ်ကြောင်း ထိုင်းက စစ်ကောင်စီကို ပြောဆိုခဲ့တယ်လို့ ထိုင်းအရာရှိတွေက ဒီဇင်ဘာ ၂၁ ရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။