ပဲခူးတိုင်း ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးရိုးမ ဗျူဟာ – ၂၁ မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၈ ရက် ညပိုင်းက ပေါက်‌ခေါင်း-အုတ်တွင်းလမ်းရှိ ပြောင်ချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင် ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်း အထိနာပြီး ဇန်နဝါရီ ၂၉ ရက်က ပေါက်ခေါင်းမြို့နယ် ဘော်ဒါအထိုင်စခန်းသို့ ပြန်လည်ဆုတ်ခွာလာစဉ် ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်း တံခွန် တိုင်အနီး တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းကွင်း ၂ ခုဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ် တွေနဲ့ စောင့်ကြိုပစ်ခတ်ခဲ့ရာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သေဆုံးပြီး MA-4 ၁ လက်၊ ၄၀ မမ ဗုံးသီး ၁ လုံးသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အကြိမ်ကြိမ်တိုက်ခိုက်ခံရတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဇန်နဝါရီ ၃၀ ရက် ညပိုင်းက ပေါက်ခေါင်းမြိုနယ် ဘော်ဒါအထိုင်စခန်းသို့ ပြန်လည်ရောက်ရှိလာစဉ် အင်အား ၆၀ ဝန်ကျင်ခန့်သာရှိတော့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗျူဟာ(၂၁)ကွပ်ကဲမှူ့ဖြင့် ဗျူဟာရုံးတိုက်ခိုက်ရေးတပ်ဖွဲ့၊ (၃၆၀၁)တပ်ရင်း တပ်ရင်းစစ်ကြောင်း၊ (၃၆၀၂)တပ်ရင်း တပ်ခွဲ(၃)၊တပ်ခွဲ(၁) တို့မှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ပဲခူးရိုးမ ဗျူဟာ-၂၁ PDF

0 Shares:
You May Also Like
Read More

ဥပုသ်သီလယူဖို့ လူအများအပြားရှိနေတဲ့အချိန် ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ ပြည်သူ ၆ ဦး သေဆုံး၊ သံဃာတော်များ အပါအဝင် အများအပြားဒဏ်ရာရ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ကမ်းနီကျေးရွာဘုန်းကြီးကျောင်းကို ဒီနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ယောက်သေဆုံးပြီး သံဃာတော်များ အပါအဝင် လူအများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဂန့်ဂေါမြို့ ရဲစခန်းကို Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရဲစခန်းကို စက်တင်ဘာ ၁၆ ရက်က Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားတွေရဲ့ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Read More

မြစ်ကြီးနား-တနိုလမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် စစ်သား ၇ ယောက်သေပြီး ၃ ယောက် ဖမ်းဆီးမိ (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်လမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး ၃ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတွင် ပြည်သူများကို လေကြောင်းနှင့် မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးဟောပြောပွဲပြုလုပ် (ရုပ်/သံ)

မင်းဘူးခရိုင်စစ်ဌာနအတွင်း စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းနဲ့ မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့အတွင်း စစ်ကောင်စီတပ် အထိုင်ချနေရာများကို တိုက်ခိုက်မှု စစ်သားနှင့်ပျူ ၈ ဦးသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ရှိ စစ်ကောင်စီတပ်သားတွေရဲ့ အထိုင်ချနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၈ ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ လူနေရပ်ကွက်အတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၃ ဦး သေဆုံး (ရုပ်/သံ)

တအာင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ ဂေါင်းဦးဘာရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။