၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်က ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲတစ်ရပ်ကို မကြာသေးမီက ကျင်းပခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ပြန်လည်လွှတ်ပေးခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းများ မရှိသေးဘဲ ထိုသို့ရွေးကောက်ပွဲကျင်းပခဲ့မှုအပေါ် ဂျပန်နိုင်ငံက မနေ့က ပြစ်တင်လိုက်ပါတယ်။

‎ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့အရေး တိုးတက်ကောင်းမွန်လာစေဖို့ တောင်းဆိုမှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မနေ့က ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး toshimitsu motegi က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ အကြမ်းဖက်စစ်တပ်ထံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေလွှတ်ပေးဖို့ နဲ့ သက်ဆိုင်သူတွေကြားစစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးစတင်နိုင်ဖို့ နိုင်ငံရေးအရ တိုးတက်မှုရရှိအောင် လုပ်ထပ်တလဲလဲ တောင်းဆိုခဲ့တယ်လို့ ဝန်ကြီး toshimitsu motegi က ဆိုပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲ မကျင်းပမီ ထိုသို့သော ကြိုးပမ်းအားထုတ်မှုများ ဖြစ်ထွန်းလာခဲ့ခြင်း မရှိတာဟာ စိတ်မကောင်းဖွယ်ရာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
‎ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ တိုးတက်မှုတွေရရှိဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်သလို ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်တဲ့ လုပ်ငန်းစဉ်တွေကို သတိထားစောင့်ကြည့်သွားမှာဖြစ်ပြီး ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့အတွက် တောင်းဆိုတာတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့လည်း ပါဝင်ပါတယ်။
‎ဒါ့အပြင် အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ စားဝတ်နေထိုင်ရေး ကောင်းမွန်လာဖို့အတွက် ထောက်ပံ့ကူညီမှုတွေကို ဆက်လက်ပေးအပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
0 Shares:
You May Also Like
Read More

လန်ဒန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် တော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲ ပြုလုပ်

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် တော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲကို မနေ့က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့ အွန်လိုင်းကနေ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံအလှည့်ကျ  ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် တို့ဟာ ဧပြီလ ၁၈ ရက် ဒီနေ့ မနက်ပိုင်းမှာ Teleconference ကတဆင့် တွေ့ဆုံခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်ကွပ်မျက်မှုဟာ ကြီရလေးတဲ့ နိုင်ငံတကာရာဇ၀တ်မှုကို ကျူးလွန်လိုက်ခြင်းဟု IIMM သတိပေး

စစ်ကောင်စီက အကျဉ်းသားတွေကို သေဒဏ်ချမှတ်ကွပ်မျက်မှုကကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က အနီးကပ် စောင့်ကြည့်နေကြောင်း မနေ့ကစက်တင်ဘာ ၂၃ရက်)တွင် အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ချင်းမိုင်မှာ ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသူတွေကို ဆင်တွေနဲ့ စားနပ်ရိက္ခာ လိုက်လံထောက်ပံ့

ထိုင်းနိုင်ငံမြောက်ပိုင်းက စံချိန်တင်ရေကြီးနေတဲ့ ချင်းမိုင်ခရိုင်အတွင်း ပိတ်မိနေသူတွေဆီ ဆင်တွေနဲ့ စားနပ်ရိက္ခာတွေ လိုက်လံထောက်ပံ့ပေးနေတာတွေကို ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

မလေးရှားက အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံတဲ့သဘော စစ်အုပ်စုရဲ့ ဝါဒဖြန့်ထုတ်လွှင့်နေမှုအပေါ် နိုင်ငံခြားရေးဌာနက ရှင်းလင်းချက်ထုတ်ပေးဖို့ မလေးရှား လွှတ်တော်အမတ်တွေ တောင်းဆို

စစ်အုပ်စုရဲ့ မြန်မာ့အလင်းသတင်းစာ အောက်တိုဘာ ၁၀ ရက် ရက်စွဲ သတင်းထဲမှာ “တွေ့ဆုံပွဲ၌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ပြင်ဆင်ဆောင်ရွက်မှုများနှင့် ကြိုးပမ်းအားထုတ်မှုများကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများတွင် အာဆီယံအနေဖြင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုကို အလေးပေး ဆောင်ရွက်သွားမည်ဟု အာမခံခဲ့သည်” လို့ ဝါဒဖြန့်ဖော်ပြထားတဲ့အပေါ် မလေးရှား လွှတ်တော်အမတ်တွေက အထူးစိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။
Read More

NUG အစိုးရပါဝင်သည့် ၃ ပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ 113th International Labour Conference ကို တက်ရောက်ခဲ့

၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားရေးရာညီလာခံ (113th ILC) ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပါဝင်တဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ NUG အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။