စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတစ်ဒေသကို အခုတစ်လအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ၃ ကြိမ်တိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၁၄ ဦး သေဆုံးရတယ်လို့ Indaw Revolution က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်၊ ဇန်နဝါရီ ၂၁ ရက်နဲ့ ဇန်နဝါရီ ၂၉ ရက်တွေမှာ အင်းတော်မြို့နယ်တွင်းရှိ မာန်ဟဲရွာ၊ လေဘိုရွာ၊ ပဲခူးရွာနဲ့ ရွာရှည်ရွာတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အသက် ၃ နှစ်မှ ၇၀ အရွယ်ထိ အမျိုးသား၊ အမျိုးသမီး ၁၄ ဦးသေဆုံးရတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း လေကြောင်းပျံသန်းမှုတွေ ခပ်စိတ်စိတ်တွေ့ရလို့ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းများ တူးထားဖို့ လိုအပ်သလို လေကြောင်းသတင်းနားစွင့်ပြိး သတိထားနေထိုင်ဖိုလိုအပ်ကြောင်း တော်လှန်ရေးအဖွဲ့များက သတိပေးထုတ်ပြန်ထားပါတယ်။

“ လေဘိုရွာကို တံတားဦးကနေတက်တဲ့ ဂျက်ဖိုက်တာတစ်စင်းနဲ့ ဗုံးလုံးကြဲချလို့ အရပ်သား ၈ ယောက် သေဆုံးရတယ်။ သေသွားတဲ့ ၈ ယောက်ထဲမှာ ၇ ယောက်က မိသားစုတစ်စုလုံးဖြစ်တယ် ” ဟု Indaw Revolution က ဆိုပါတယ်။

အဲဒီလိုသေဆုံးသွားတဲ့ မိသားစုတစ်စုလုံးမှာ ဦးအောင်သန်း အသက် ( ၇၀) နှစ် နဲ့ သားသမီးတွေဖြစ်တဲ့ ဒေါ်ခင်စိုးကြည် အသက် ( ၄၈ ) နှစ်၊ ဒေါ်ခင်ပြုံးရီ အသက် ( ၄၅) နှစ်၊ မနွယ်မျိုးခိုင် အသက် ( ၂၆ ) နှစ်၊ ဦးစံသိန်း အသက် ( ၃၈ ) နှစ်နဲ့ ဇနီး ဒေါ်ညိုညိုစိန် အသက် (၃၃) နှစ်နဲ့အတူ သမီးဖြစ်သူ မယုဝတီ အသက် ( ၃) နှစ်အရွယ်မိသားစုဟာ အကြမ်းဖက်စစ်တပ်ဗုံးကြဲမှုကြောင့် တစ်ရက်ထဲ သေဆုံးသွားရတာဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ် ဗုံးကြဲမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ပြီး အရပ်သား နှစ်ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်ပျက်စီးတာ၊ တိရစ္ဆာန်သေဆုံးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

တိုက်ပွဲပြင်းထန်နေတဲ့ ဂွမြို့နယ်ထဲက အကြမ်းဖက်စစ်သား ၃ယောက် ဒေသခံဆိုင်ကယ်တွေကို လုယူပြီး လက်နက်နဲ့အတူ ဧရာဝတီတိုင်းဘက် ထွက်ပြေး

အရက္ခတပ်တော် AA နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်ဘက်က စစ်သား ၃ ယောက်ဟာ ချိုင်ကောက်ရွာက ဆိုင်ကယ်၂ စီးကိုယူပြီး ဧရာဝတီတိုင်းဘက် ထွက်ပြေးသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့်အဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်း နှင့် ရုပ်ရှင်သရုပ်ဆောင်တချို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စည်သူဘွဲ့ပေးအပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူနဲ့သူ့ရဲ့အကြမ်းဖက်စစ်တပ်အတွက် ဝါဒဖြန့်နေသူ ဇော်မင်းထွန်း နဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့ကို ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် တွေ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ် မရိုးကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး သားအဖ ၂ ယောက် သေဆုံး၊ ၉ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

TNLA ထိန်းချုပ်ရာဒေသတွေက အမျိုးသမီးတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ ကွင်းဆင်း အသိပညာပေး

TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တစ်လတာအတွင်း ကျေးရွာပေါင်း ၃၀ကျော်မှာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းအသိပညာပေးမှုတွေပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရောင်နီ LA ပွဲ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းခန့် ရရှိ

အမေရိကန်နိုင်ငံ၊ Los Angeles မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းကျော် ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။
Read More

ဆောနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၃ ဦး သေဆုံး ၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆောမြို့နယ်က ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။