‎မြန်မာ့အရေးဒေါ်လာ ၁၂၁ သန်းအကူညီရနိုင်မယ့် ဘဏ္ဍာရေးဥပဒေကြမ်းကို အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုလိုက်ပြီဖြစ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လက်မှတ်ရေးထိုးဖို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
‎အဲဒီဘဏ္ဍာရေးဥပဒေကြမ်းကို အောက်လွှတ်တော်က ဇန်နဝါရီလ ၂၂ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပြီး၊ အခု အထက်လွှတ်တော်ကလည်း အတည်ပြုလိုက်ပြီဖြစ်လို့ သမ္မတ ဒေါ်နယ်ထရန့် လက်မှတ်ရေးထိုးဖို့သာ ကျန်ရှိတာဖြစ်ပါတယ်။
‎အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာအကူအညီများ ပါဝင်တဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော်က ဇန်နဝါရီ ၃၀ ရက်နေ့က အတည်ပြုလိုက်ပြီဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေကလည်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ် ။
‎အခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးအကူအညီပေးပုံစံ ပြောင်းလဲသွားပြီး အမျိုးသားလုံခြုံရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အောက်မှာ မြန်မာ့အရေးကူနိုင်မယ့် BURMA Act of 2022 ပါလုပ်ပိုင်ခွင့်တွေ ရရှိမှာဖြစ်ပါတယ်။
‎မြန်မာ့အရေး အကူအညီပေးမှုတွေ ပါဝင်မယ့် အဆိုပါ ဘဏ္ဍာရေးအစီအစဉ်သစ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၇ ဘီလီယံ ခွင့်ပြုထားပြီး၊ အဲဒီလိုစုပေါင်းရန်ပုံငွေထဲမှ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့အကူအညီတွေအတွက် အနည်းဆုံး ဒေါ်လာ ၁၂၁ သန်း သုံးစွဲခွင့်ရှိဖို့ ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။
‎မြန်မာနိုင်ငံရရှိမယ့် အမေရိကန်ဒေါ်လာ ရန်ပုံငွေ ၁၂၁ သန်းကို နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးလုပ်ငန်းများနဲ့ အမျိုးသား ညီညွှတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအတွက် လက်နက်မဟုတ်တဲ့ အကူအညီတွေ၊ အုပ်ချုပ်ရေးယန္တရားနဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက် သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ဓာတ်ပုံ – MOHADM
0 Shares:
You May Also Like
Read More

ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်မှာ တင်ထားသည့် မြန်မာစစ်ခေါင်းဆောင်နှင့် တွဲရိုက်ခဲ့သည့် ဓာတ်ပုံကို ပြန်လည်ဖယ်ရှား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီလ ၄ ရက်က မြန်မာစစ်ခေါင်းဆောင် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်စာမျက်နှာမှာမှာ ချီးကျူးစကားတွေ ရေးသားတင်ခဲ့ပြီးနောက် ပြန်လည်ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စုက စစ်ကော်မရှင်ဟု အမည်ပြောင်းကာ တာဝန်ခံမှု ရှောင်လွှဲဖို့ ပြင်ဆင်နေတာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အရေးတကြီးလိုအပ်ကြောင်း The Sentry နှင့် Justice For Myanmar ပူးတွဲထုတ်ပြန်

The Sentry နဲ့ Justice For Myanmar တို့ ပူးတွဲထုတ်ပြန်တဲ့ စာတမ်းအရ မြန်မာစစ်အုပ်စုဟာ သူတို့အပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့နဲ့ နိုင်ငံရေးအရ တရားဝင်မှု အတုအယောင်ရရှိဖို့အတွက် အဖွဲ့အစည်းအမည်တွေကို ပြောင်းလဲခြင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ လော်ဘီတွေ ငှားရမ်းတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ထိုင်းမှာ ယာဉ်မောင်းအိပ်ငိုက်လို့ ခရီးသွားကားတစ်စီး မတော်တဆဖြစ်၊ မြန်မာ ၁၂ ဦး အပါအဝင် ၃၆ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ Phetchaburi ပြည်နယ်၊ Khao Yoi ခရိုင်မှာ မတ်လ ၁၄ ရက် မနက် ၄ နာရီမတိုင်ခင်က ခရီးသွားကားတစ်စီး မတော်တဆဖြစ်ပွားခဲ့တာကြောင့် ခရီးသည်အားလုံး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်း Khaosod English မှာ ဖော်ပြပါတယ်။ 
Read More

ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး KNLA ကို စစ်ကောင်စီ ဗုံးကြဲ၊ ထိုင်းစစ်တပ်က လေယာဉ်ပစ်အမြောက်များ နယ်စပ်မှာ ရွှေ့ပြောင်းချထား

မြန်မာစစ်တပ်ဟာ ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး KNLA တပ်စခန်းတွေကို ဧပြီလ ၂၁ ရက်မှာ ဗုံး ၁၀ လုံးခန့် ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 
Read More

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ဆန္ဒပြ

တောင်ကိုးရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ ဒီဇင်ဘာလ ၇ရက် မနေ့က စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ "နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲ" ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရှိ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) က ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီတို့အပါအဝင် တော်လှန်ရေးအဖွဲ့ ၃၉ ခု ပါဝင်တဲ့ "စစ်အုပ်စု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ" တို့က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မြန်မာငလျင်အတွက် ယူကေအစိုးရက စတာလင်ပေါင် ၁၀ သန်းနဲ့ အမေရိကန်အစိုးရက ကန်ဒေါ်လာ ၇ သန်း ထပ်တိုးကူညီ ..

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခဲ့တဲ့ အင်အားပြင့်ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ယူကေအစိုးရက စတာလင်ပေါင် ၁၀ သန်း ထပ်မံတိုးမြှင့်ထောက်ပံ့ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။