ချင်းပြည်နယ် တီးတိန်မြို့နယ် New Suangpi ကျေးရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ဖလမ်းမြို့နယ် Lumbang ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက် နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ တီးတိန်မြို့နယ် New Suangpi ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ခရစ်ယာန်ဘုရားရှိခိုးကျောင်းထိမှန်ကာ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

Video-Luaipi Luaipi

0 Shares:
You May Also Like
Read More

ကောလင်းတွင် စစ်ရှောင်များ နေထိုင်သည့် စာသင်ကျောင်းကို စစ်တပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်ရှောင်ပြည်သူ ၆ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းရှိ နတ်အင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာမှ ထွက်လာသည့် စစ်တပ်ယာဉ်နှင့် ကာကင်းယူထားသည့် စစ်သားများကို တိုက်ခိုက်မှု ၃ ယောက် သေ (ရုပ်/သံ)

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာမှ ချောင်းနှစ်ပေါက်ကျေးရွာဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်နဲ့ ကာကင်းယူထားတဲ့ အကြမ်းဖက်စစ်သားတွေကို မတ်လ ၈ ရက် မနေ့က မနက်ပိုင်းမှာ အလစ်အငိုက် တိုက်ခိုက်ခဲ့တယ်လို့  မြိတ်ခရိုင်တပ်ရင်း ၂ ထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်းမှာ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

KNDF B08 Batch 1 မွမ်းမံနှင့် တပ်သားသစ် သင်တန်းဆင်းပွဲ (ရုပ်/သံ)

Karenni Nationalities Defense Force (KNDF) BO8 မွမ်းမံနဲ့ တပ်သားသစ်သင်တန်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ချောင်းဦး-မြင်းမူ လမ်းမကြီးမှာ စစ်ယာဉ်တန်းနဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ ဗုံးကြဲ၊ ၉ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူကားလမ်းမကြီးပေါ်မှာ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ဖေဖော်ဝါရီ ၃ ရက်က မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၉ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ ထံက သိရပါတယ်။
Read More

စစ်ကြောင်းထိုးမယ့် စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မုံရွာ-အရာတော်လမ်းပိုင်းက ရသေ့ကျောင်းအနီး စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။