ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့ တိုက်ပွဲမှာ ဒုတပ်စိတ်မှူးနဲ့ မိုင်းတာဝန်ခံ တပ်ကြပ်ကြီး ဆိုသူတို့ ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃) (Myanmar Defense Force) က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၈) ရက်နေ့က အုတ်တွင်းမြို့နယ်၊ ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်း၊ ပြောင်ချောင်းကျေးရွာနားမှာ အင်အား(၁၅၀) ပါအကြမ်းဖက်စစ်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းဗဟို (၆) အမြောက်တပ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို PDF ဗျူဟာတပ်ရင်းတပ်ဖွဲ့တွေက စစ်ကြောင်းနောက်ပြန်ဆုတ်ရတဲ့အထိ တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြီး ပေးဆပ်မှုတွေလည်းရှိခဲ့တာပါ။

ဒီအထဲ သာယာဝတီခရိုင် တပ်ရင်း (၃)က မိုင်းတာဝန်ခံ တပ်ကြပ်ကြီး ရဲဘော် နဂါးနဲ့ ဒုတပ်စိတ်မှူးရဲဘော် ဖားကြီး တို့ဟာ တိုက်ပွဲဖြစ်ပွါးတဲ့ ညနေပိုင်းအတွင်း ရှေ့ဆင့်နောက်ဆင့် ကျဆုံးခဲ့ရတာဖြစ်ပြီး မိခင်တပ်ရင်းကနေ အခုလို အသိမှတ်ပြုထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

“ရန်သူနဲ့ Battle ယှဥ်ပစ်ပြီး ကျကြတာပါ။ သူတို့နဲ့ စခ ရန်သူ အယောက် ၅၀ နဲ့ဆိုရင်တောင် မလဲနိုင်ပါဘူး” လို့ သာယာဝတီခရိုင် တပ်ရင်း (၃) Myanmar Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

“စစ်ကိုင်းကနေ ပဲခူးထိ အတူတူလိုက်လာပြီး နယ်မြေမခြား စကမ ကို တော်လှန်တဲ့ ညီကို ရဲဘော်နဂါး၊ ပဲခူးရောက်တော့ ပထမဦးဆုံး တပ်ရင်း အပတ်စဉ် (၁) မှာထဲက ရောက်ရှိလာခဲ့ပြီး ကျရာနေရာ ဘက်စုံရတဲ့ ညီကိုရဲဘော်ဖားကြီး … ညီကိုတို့ တာဝန်ကျေတာထက်ကို ပိုခဲ့ပါတယ်ကွာ၊ညီကိုတွေ ကောင်းရာသုဂတိလားပါစေ။ ငြိမ်းချမ်းစွာ အနားယူကြပါတော့ ရဲဘော်တို့ရေ” လို့ တပ်ရင်းရဲ့တာဝန်ရှိသူက သူ့ရဲ့လူမှုကွန်ရက်​အကောင့်မှာ ရေးသားထားပါတယ်။

ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင် ၂ ယောက်ရဲ့ ရဲစွမ်းသတ္တိနဲ့ တော်လှန်ရေးအပေါ် ထားရှိတဲ့ ခိုင်မာတဲ့သစ္စာတရား​တွေကို တပ်ရင်းကနေ အစဉ်ထာဝရ မော်ကွန်းတင်လေးစားဂုဏ်ပြုနေမှာဖြစ်ကြောင်းနဲ့ ကျန်ရှိနေတဲ့ ရဲ​ဘော်တွေအားလုံးကလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃) က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ (၂၈) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ စစ်အုပ်စုဘက်က အယောက် ၅၀ နီးပါးထိခိုက်သေဆုံးခဲ့သလို၊ လက်နက်ခဲယမ်းအမြောက်အများကိုလည်း PDF တပ်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါတိုက်ပွဲများတွင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေဘက်မှ ၄ ယောက် ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။
သာယာဝတီခရိုင်တပ်ရင်း(၃) (Myanmar Defense Force)
0 Shares:
You May Also Like
Read More

ရေဖြူအခြေစိုက် ခလရ (၄၀၇) က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး ဇနီးဖြစ်သူနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့ဆီ အလင်းဝင် (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၄၀၇) က စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ယောက်က ဇနီးဖြစ်သူနဲ့ အတူ အလင်းဝင်လာတယ်လို့ ချိုးဖြူပြောက်ကျားတပ်ဖွဲ့ - Dove Guerrilla Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပြုလုပ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးဆွေးနွေးဖို့ တံခါးပိတ်အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၂၀ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးရေး အဓိကဆွေးနွေးသွားဖို့ ယူကေက ခေါ်ယူတာဖြစ်ပြီး အာဆီယံနဲ့ ကုလသမဂ္ဂတို့က ခန့်အပ်ထားတဲ့…
Read More

ကံမ ရေနံသာရဲစခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ဦးသေဆုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ် ရေနံသာရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်ခြေလျင်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်လို့ စစ်အုပ်စုဝင် ၇ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်ရှိသူ ကိုမြတ်က မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ရက်နေ့ ညနေပိုင်းက ကံမမြို့နယ်၊ မင်းရွာနားကို ရောက်ရှိလာတဲ့အင်အား ၁၀၀ ပါ စစ်ကြောင်းရဲ့ရှေ့ပွိုင့်ကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆားလင်းကြီးမြို့မရဲစခန်းကနေ လက်နက်နဲ့ အလင်းဝင်လာခဲ့တဲ့ ရဲတပ်သားကို Salingyi Revolution Eagles က ဂုဏ်ပြုဆုငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ အကြမ်းဖက်ရဲစခန်းက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ပါတယ်။
Read More

စစ်သားတစ်ယောက် ကြက်ဖမ်းရင်း ကိုယ့်မိုင်း ကိုယ်နင်းမိပြီး သေ

အကြမ်းဖက်စစ်သားတစ်ယောက်ဟာ သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကို သူ့ဘာသာနင်းမိပြီး နိုဝင်ဘာ ၄ ရက် ဒီနေ့မနက်မှာ သေဆုံးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ရေစကြိုမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်း ပြုလုပ်ခဲ့

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။