မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၂၁ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်းမှ ယနေ့သတင်းထုတ် ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၃ ရက်ကနေ ဇန်နဝါရီ ၁၃ ရက်အထိ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့တိုက်ပွဲနဲ့ နွယ်တမင် တံတားကာကင်း ၂ နေရာကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ရှေ့တန်းနေရာတွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုနဲ့ တိုက်ခိုက်ရေး ဒရုန်းများတွေ တိုက်ခိုက်မှုကို အံ့တုပြီး ရဲရင့်စွာ တိုက်ပွဲဝင့်ခဲ့ကြတဲ့ ရဲဘော်တွေကို အလေးထား ဂုဏ်ပြု ရင်း မှတ်တမ်းအပ်ပါကြောင်း မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်းမှ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို စလင်းမြို့နယ်အတွင်း စုဖွဲ့မှု တပ်များဖြစ်တဲ့ မင်းဘူးခရိုင် အမှတ် ( ၅ ) တပ်ရင်း ၊ အမှတ် ( ၁ ) တပ်ရင်း ၊ မကွေးတိုင်းအထူးလှုပ်ရှားတပ်ရင်း SR – 7 ၊ စလင်းမြို့နယ် ပကဖ ၊ ဗမာ့တပ်တော် BA ၊ ဒေါင်းညီနောင်ပျောက်ကြားတပ်ဖွဲ့ ၊ ဒေါင်းစစ်အောင် ၊ တိုင်းပကဖ လက်နက်ကြီးတပ်ဖွဲ့ ၊ လက်ရုံးတပ်ဖွဲ့များဖြစ်သော မကွေးတိုင်းဒရုန်းလက်ရုံးတပ် ၊ တိုင်းပကဖဒရုန်းလက်ရုံးအဖွဲ့ ၊ မင်းဘူးရင်း၁ ဒရုန်းအဖွဲ့ ၊ မင်းဘူးရင်း၅ ဒရုန်းအဖွဲ့ များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါ တယ်။
Video-မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်း