မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၂၁ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်းမှ ယနေ့သတင်းထုတ် ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၃ ရက်ကနေ ဇန်နဝါရီ ၁၃ ရက်အထိ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့တိုက်ပွဲနဲ့ နွယ်တမင် တံတားကာကင်း ၂ နေရာကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ရှေ့တန်းနေရာတွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုနဲ့ တိုက်ခိုက်ရေး ဒရုန်းများတွေ တိုက်ခိုက်မှုကို အံ့တုပြီး ရဲရင့်စွာ တိုက်ပွဲဝင့်ခဲ့ကြတဲ့ ရဲဘော်တွေကို အလေးထား ဂုဏ်ပြု ရင်း မှတ်တမ်းအပ်ပါကြောင်း မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်းမှ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို စလင်းမြို့နယ်အတွင်း စုဖွဲ့မှု တပ်များဖြစ်တဲ့ မင်းဘူးခရိုင် အမှတ် ( ၅ ) တပ်ရင်း ၊ အမှတ် ( ၁ ) တပ်ရင်း ၊ မကွေးတိုင်းအထူးလှုပ်ရှားတပ်ရင်း SR – 7 ၊ စလင်းမြို့နယ် ပကဖ ၊ ဗမာ့တပ်တော် BA ၊ ဒေါင်းညီနောင်ပျောက်ကြားတပ်ဖွဲ့ ၊ ဒေါင်းစစ်အောင် ၊ တိုင်းပကဖ လက်နက်ကြီးတပ်ဖွဲ့ ၊ လက်ရုံးတပ်ဖွဲ့များဖြစ်သော မကွေးတိုင်းဒရုန်းလက်ရုံးတပ် ၊ တိုင်းပကဖဒရုန်းလက်ရုံးအဖွဲ့ ၊ မင်းဘူးရင်း၁ ဒရုန်းအဖွဲ့ ၊ မင်းဘူးရင်း၅ ဒရုန်းအဖွဲ့ များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါ တယ်။

Video-မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်း

0 Shares:
You May Also Like
Read More

ရွှေတစ်ဂူကျေးရွာရှိ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှုအတွင်း ကလေးစစ်သား ၁ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူကျေးရွာက အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းအထိုင်စခန်းကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာ ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းမှာ လူငယ်တွေ ပေါ်တာဆွဲဖို့ ကူညီနေတဲ့ ယာဉ်လိုင်းများ အား ပြည်သူတွေရဲ့ တိုင်ကြားချက်အရ စစ်ဆေးမှုပြုလုပ် (ရုပ်/သံ)

မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းမှာ လူငယ်တွေကို ပေါ်တာဆွဲဖို့ အကြမ်းဖက်စစ်ကောင်စီအလိုကျ ကူညီနေတဲ့ ယာဉ်လိုင်းများအား ပြည်သူတွေရဲ့ တိုင်းကြားချက်အရ ရှောင်တခင်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ TAMAR MYAY Special Column မှ ထုတ်ပြန်ထားပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီ ကြေးနီတင်ယာဉ်တွေအတွက် လုံခြုံရေးပေးတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်တွေကို လုံခြုံ‌ရေးပေးဖို့ လိုက်ပါလာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒီနေ့ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 people’s defense force အဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

''မန္တလေးမြို့တော်ကြီးနဲ့တကွ တနိုင်ငံလုံး လွတ်မြောက်ဖို့ ကျနော်တို့ ပြည်သူအားလုံးမှာ တာဝန်ရှိကြပါတယ်။ ပြည်သူအားလုံး ကျရာကဏ္ဍ၊ နိုင်ရာ တာဝန် တိုက်ပွဲမျက်နှာစာအသီးသီးကနေ တော်လှန်ရေးမှာ အစွမ်းကုန် ဆက်လက် ပါဝင်ကြဖို့ နှိုးဆော်လိုက်ပါတယ်ဗျို့''လို့ ဒေါက်တာ တေဇာဆန်းက ဆိုပါတယ်။
Read More

ဆောင်နန်းခဲကျေးရွာရှိ စစ်တပ်လက်အောက်ခံ PNA တပ်သားများကို ဗုံးသီးကြဲချ၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဇွန်လ ၂၈ ရက်မှာ Pekhon Sky Predators Drone Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပျဉ်းမနားတွင် ရွှေဆိုင်ကို သေနတ်အတုဖြင့် ဓားပြတိုက်သူ ၂ ဦးကို ပြည်သူများ ဖမ်းမိ (ရုပ်/သံ)

နေပြည်‌တော်နယ်မြေ ပျဉ်းမနားမြို့မှာ ရောင်နီဦးရွှေဆိုင်ကို သေနတ်အတုနဲ့ ဓားပြတိုက်သူ ၃ ယောက်ကို ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ရာ ၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။