ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်မှာ နိုင်ငံရေးမှုတွေနဲ့ အကျဥ်းကျခံနေရတဲ့ အကျဉ်းသား ၂ ယောက်ကို ဆေးကုသခွင့်မပေးပဲ သေဆုံးစေခဲ့မှုအတွက် စစ်တပ်လက်ပါးစေ ထောင်အာဏာပိုင်တွေအနေနဲ့ အပြည့်အဝ တာဝန်ယူရမယ်လို့ JNPP (Justice Network For Political Prisoners) က အသိပေးပြောကြားထားပါတယ်။

ဇန်နဝါရီလ ၃၀ ရက်မနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီထုတ်ပြန်ချက်အရ စစ်တွေအကျဥ်းထောင်မှာ ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ဦးသိန်းထွန်းစိန်နဲ့ နိုင်ငံရေးအကျဥ်းသူ မစောတင်မေ တို့ဟာ ရောဂါဝေဒနာ ပြင်းပြင်းထန်ထန်ခံစားနေရချိန် ဆေးကုသခွင့် အချိန်မှီမရရှိမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ကြတယ်လို့ သိရပါတယ်။

ပထမဆုံးအနေနဲ့ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၂(က)၊ ပုဒ်မ ၅၀၅ တို့နဲ့ ထောင်ဒဏ် အနှစ် ( ၄၀ ) ချမှတ်ခံထားရတဲ့ နိုင်ငံရေးကျဉ်းသား ကိုသိန်းထွန်းစိန် (အသက် ၄၂ နှစ်) ဆိုသူဟာ ဗိုက်အောင့် ဝေဒနာကို ကာလရှည်ခံစားနေရချိန် ဆေးကုသခွင့် မရရှိမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ကိုသိန်းထွန်းစိန်ဟာ မသေဆုံးခင်ရက်ပိုင်းအလိုကတည်းက သူ့ရဲ့ဗိုက်နေရာတစ်ဝိုက်မှာ အထိမခံနိုင်လောက်အောင် နာကျင်တာ၊ အော့အန်တာနဲ့ ဝမ်းဗိုက်သိသိသာသာ ဖောင်းတက်တဲ့လက္ခဏာတွေ ခံစားခဲ့ရပြီး အာဏာပိုင်တွေရဲ့ လျစ်လျူရှုမှုကြောင့်ဝေဒနာအတော်လေး ဆိုးရွားချိန်ရောက်မှ အရေးပေါ်ကိုရောက်ရှိခဲ့ပြီး မကြာခင်အသက်သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၃ နှစ်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ မစောတင်မေ (အသက် ၃၂နှစ်) ဆိုသူဟာလည်း စစ်ကြောရေးကနေရရှိခဲ့တဲ့ ဒဏ်ရာတွေကို ထောင်အတွင်း ဆေးကုသခွင့် မရရှိမှုကြောင့် အဆိုပါဝေဒနာတွေနဲ့ပဲ အဲ့ဒီနှစ်အတွင်းမှာ ထပ်မံသေဆုံးသွားတယ်လို့ JNPP ကပြောပါတယ်။

JNPP ( Justice Network For Political Prisoners) က နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၂ ယောက် အခုလိုသေဆုံးမှုဟာ စစ်တွေအကျဉ်းထောင် တာဝန်ခံနဲ့ အရာရှိ၊ ဝန်ထမ်းတွေရဲ ရည်ရွယ်ချက်ရှိရှိ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်းနဲ့ ဒီကျူးလွန်မှုတွေကို မှတ်တမ်းအဖြစ် ထိန်းသိမ်းထားပြီး နောင်တစ်ချိန်မှာ အပြည့်အဝတာဝန်ယူရမှာ ဖြစ်ကြောင်းနဲ့ ၎င်းတို့၏ ကျူးလွန်မှုများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်အောင် ကြိုးစားသွားမယ်လို့လည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲမှာ အခုလို ဆေးဝါးကုသခွင့် အလုံအလောက်မရရှိမှုကြောင့် နိုင်ငံနဲ့တစ်ဝှမ်းအကျဥ်းထောင်တွေက အကျဥ်းသားပေါင်း အယောက် ၃၀ နီးပါးအထိ သေဆုံးခဲ့ကြောင်း အကျဥ်းထောင်သတင်းရင်းမြစ်တွေအရ သိရပါတယ်။

စစ်တွေအကျဥ်းထောင်ရှေ့မြင်ကွင်း(ပုံဟောင်း)
0 Shares:
You May Also Like
Read More

မိုးဗြဲမြို့တိုက်ပွဲတွင် ကျဆုံးခဲ့သည့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၁)တပ်ရင်း၏ ကျွဲချိုတပ်ခွဲမှ အသက် ၂၀ အရွယ် ရဲဘော်၏ စျာပန…

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၁)တပ်ရင်း ၊ တပ်ခွဲ-၃ (ကျွဲချိုတပ်ခွဲ) က ရဲဘော်ရဲ့ စျာပနအခမ်းအနား မှတ်တမ်းပုံရိပ်တွေကို ကျွဲချိုတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်နှင့် နောင်ချိုမြို့နယ်များမှာ အပစ်ရပ်ထားသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဟု MDY-PDF ထုတ်ပြန်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွေမှာ ယာယီအပစ်ရပ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ကျင်းပဖို့ ရည်ရွယ်ထားသည့် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်း

ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ သင်္ကြန်ပွဲကို ဖျက်သိမ်းလိုက်ပြီလို့  ထိုင်းသံရုံးက မနေ့က မတ်လ ၃၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ကြေညာလိုက်ပါတယ်။  
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်း ၂ လောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အမျိုးသား ၂ ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်…

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

နောင်လာနောက်သားတွေအတွက် ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်မယ့် ဘိန်းခင်းတွေကို CDF Civic Defense Militia – CDM-Siyin တပ်ဖွဲ့ ဖျက်ဆီးရှင်းလင်း

ချင်းပြည် (Chinland) ၊  Siyin ဒေသမှာ စီးပွားရေးသမားတွေရဲ့ သွေးထိုးမှုနဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဒီဇင်ဘာလ ၁၉ရက်နေ့က  ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း CDF Civic Defense Militia - CDM-Siyin တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။