ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသူ ၃၀ နီးပါးဟာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ခံထားရပြီး လူ့အခွင့်ရေး ချိုးဖောက်ခံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ဒိုက်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တိုက်ထဲမှလွှတ်ပေးဖို့နဲ့ ထောင်ပိုင်နဲ့ တွေ့ခွင့်ခွင့်ရဖို့ တောင်းဆိုခဲ့ရာ ထောင်ပိုင် သီဟထွဋ်နဲ့ ညွှန်မှူးတို့က တွေ့ဆုံခွင့်မပေးဘဲ တောင်းဆိုတဲ့ အကျဉ်းသူတွေကိုပါ ထပ်မံတိုက်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ဒိုက်ဦးအကျဉ်းထောင်မှာ ၃ နှစ်ကျော်အထိ တိုက်ပိတ်ခံထားရတဲ့ မိုးမိုးစန်း၊ နွေးနွေးမြင့်လွင်နဲ့ ဂျူးဇင်သီတို့အပြင် ပြီးခဲ့တဲ့ ခရစ္စမတ်ကာလအတွင်း ဆုတောင်းသီချင်း ဆိုခဲ့တာကြောင့် တိုက်ပိတ်ခံရသူ ၁၀ ဦး အပါအဝင် စုစုပေါင်း နိုင်ငံရေးအကျဉ်းသူ ၃၀ နီးပါးအထိ တိုက်ပိတ်ခံထားရတယ်လို့ PPNM က ဆိုထားပါတယ်။

“၃ နှစ် တိုက်ပိတ်ခံထားရတယ် ဆိုတဲ့အခြေအနေကို ကျွန်တော်တို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ၂၀၂၃ ကတည်းက တိုက်ပိတ်ခံထားရတာာလား … သူတို့ တိုက်ပိတ်ပစ်ဒဏ်ကို ၃ နှစ် ချခံထားရတာလားပေါ့။ ၃နှစ်ဆိုတာက မဖြစ်နိုင်တဲ့ အခြေအနေပါ”လို့ PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက မောင်းကို ပြောပါတယ်။

ထောင်အာဏာပိုင်တွေဟာ တိုက်ပိတ်ထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို အမျိုးသမီးတိုက် မ-၃ ခန်းနဲ့ ကျား-၄ ခန်းတို့မှာ ခွဲခြားထားရှိပြီး နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) လာရောက်တဲ့ အခါတိုင်းမှာလည်း အဆိုပါ အကျဉ်းသူများနဲ့ မတွေ့ဆုံစေနိုငိဖို့ နေရာရွှေ့ပြောင်းကာ ဖုံးကွယ်ထားလေ့ရှိတယ်လို့ သိရပါတယ်။

“တိုက်ပိတ်ခံရသူတွေက တိုက်ဆိုတဲ့နေရာကို သီးသန့်သွားရပါတယ်၊ အမျိုးသားတွေက အမျိုးသားတွေကို ထားတဲ့တိုက်ရှိသလို၊ အမျိုးသမီးတွေလည်း သီးသန့်ရှိပါတယ်။ အခုက ဒိုက်ဦးအကျဉ်းထောင်မှာ တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၃၀ နီးပါးဖြစ်လာတော့ အမျိုးသမီးတိုက်က မလုံလောက်တော့ဘူး။ အဲ့တော့ အမျိုးသားဆောင်က တိုက်ထဲမှာပါ တိုက်ပိတ်ခံထားရတဲ့ အခြေအနေ ဖြစ်နေတာပါ”လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းဦးစီးဌာနမှ တာဝန်ခံ နှစ်ပွင့် ဇင်မာကြည်အောင်ဟာ အကြောင်းမဲ့ တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ခေါ်ထုတ်ရိုက်နှက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဆောင်းရာသီကာလအတွင်း တိုက်ပိတ်ခံထားရသူတွေမှာ စောင်နဲ့ အနွေးထည်တွေ လုံလုံလောက်လောက် မရရှိနေတဲ့အပြင် ဆိုးဝါးတဲ့ နေထိုင်မှုအခြေအနေတွေကြောင့်လည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း ဒိုက်ဦးထောင်အတွင်းက အခြေအနေတွေကို အထူးအာရုံစိုက်ပြီး ထောင်အာဏာပိုင်တွေကို ဖိအားပေးဖို့ ကို PPNM က တိုက်တွန်းနှိုးဆော်ထားပါတယ်။
0 Shares:
You May Also Like
Read More

ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦး သေ၊ သေနတ်၂ လက်နှင့် ခဲယမ်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

သရက်ခရိုင်အတွင်း စစ်ကောင်စီက ကာမီကာဇေအသေခံဒရုန်းများ အသုံးပြုတိုက်ခိုက်လာ

သရက်ခရိုင်အတွင်းက တိုက်ပွဲတွေထဲမှာ အကြမ်းဖက်စစ်ကောင်စီက ကာမီကာဇေ အသေခံဒရုန်းတွေ အသုံးပြုတိုက်ခိုက်လာကြောင်း သရက်ခရိုင်၊ တပ်ရင်း ၄ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
Read More

မီးဖြတ်ခံရတာကြောင့် ထိုင်းထုတ်ကုန်တွေ မသုံးဖို့ မြဝတီက မဘသတချို့ ဆန္ဒပြနေ…

ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုကို ရပ်တန့်လိုက်ပြီးနောက် မြဝတီမြို့က စစ်တပ်ထောက်ခံသူ မဘသတွေက ထိုင်းနိုင်ငံထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆန္ဒပြထုတ်ဖော်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကောလင်းနှင့် ဝန်းသိုတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် ၆ လုံး ပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၁ - Kawlin People Defence Force က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စလင်းနယ်က စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးတပ် တိုက်ခိုက်ပြီး ခဲယမ်းများ သိမ်းဆည်း

ကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက် တိုက်ခိုက်ခဲ့ရာ ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ ဗမာ့တပ်တော် − Bamar Army က ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်နှင့် မိုးမိတ်ကို ပြန်ရလိုက်တဲ့ အကြမ်းဖက်စစ်တပ် ဘယ်ဒေသတွေကို ပိုမိုထိုးစစ်ဆင်လာနိုင်မလဲ

တရုတ်ရဲ့ ဖိအားတွေကြောင့် တအာင်းတပ်မတော် TNLA တပ်တွေ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို လက်လွှတ်ပြီး ပြန်လည်ဆုတ်ခွာရချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ ရခိုင်၊ ကချင်နဲ့ ချင်းဘက်တွေကို စစ်ရေးအရ ပိုမို ဖိအားပေးတိုက်ခိုက်လာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုကြပါတယ်။