အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းခဲ့တာငါးနှစ်ကြာမြင့်လာပြီဖြစ်ပေမဲ့ မြန်မာပြည်သူတွေဟာ စိတ်ဓာတ်ကြံ့ခိုင်နေဆဲဖြစ်ပြီး, ဆက်လက်ခုခံတော်လှန်နေဆဲဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အရပ်သားအစိုးရဆီကနေ အကြမ်းဖက်အာဏာသိမ်းခဲ့တာ ၅ နှစ်ပြည့်တော့မှာဖြစ်ပြီး၊ ဒီလိုအာဏာသိမ်းထားတဲ့ ငါးနှစ်တာကာလအတွင်း စစ်အုပ်စုဟာ နိုင်ငံအနှံ့အကြမ်းဖက်စစ်ဆင်ရေးတွေနဲ့ လက်ရဲဇက်ရဲသတ်ဖြတ်မှု‌‌တွေ၊ ဖိနှိပ်မှုတွေကို ကျူးလွန်နေပေမယ့်၊ ပြည်သူ့တော်လှန်ရေးကတော့ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ကြံ့ကြံ့ခံ ရှင်သန်အားကောင်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တိုင်းပြည်အာဏာကို အလုံးစုံထိန်းချုပ်နိုင်ဖို့ ၅ နှစ်တာကြိုးပမ်းလျက်ရှိပေမဲ့ မြန်မာပြည်သူလူထုထံမှဖြစ်စေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းထံမှဖြစ်စေ ဘယ်လိုလုပ်ပိုင်ခွင့် အာဏာကိုမှ ရရှိမနေဘူးဆိုတာ သိသာထင်းရှားနေပါတယ် လို့ JFM ကဆိုပါတယ်။

“ငါးနှစ်တာကာလ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် မြန်မာစစ်အုပ်စုအနေနဲ့ သူရဲ့ အာဏာရှင်စနစ်နဲ့ ဖိနှိပ်မှုယန္တရားကို ခုခံတော်လှန်လိုတဲ့ ပြည်သူတွေရဲ့ဆန္ဒကို ရိုက်ချိုးနိုင်ခြင်း မရှိပါဘူး။ သူတို့တွေအနေနဲ့ တရားဝင်မှုသော်လည်းကောင်း၊ အုပ်ချုပ်ခွင့်အာဏာသော်လည်းကောင်း မရှိတဲ့အတွက် ပြည်သူတွေအပေါ် အကြမ်းဖက်တဲ့နည်းလမ်းကိုပဲ အားကိုးတော့တာဖြစ်ပါတယ်”လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို မြန်မာပြည်သူတွေကပဲ တည်ဆောက်ရမှာဖြစ်ပြီး၊ လက်ရှိမှာလည်း စစ်အုပ်စုထိန်းချုပ်နိုင်မှုမရှိတဲ့နေရာတွေမှာ ပြည်သူတွေဟာ ဒီမိုကရေစီနှုန်းတွေနဲ့ အပြည်အလှန်ကူညီနေကြပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ် လည်ပတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ JFM ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

နိုင်ငံတကာ အစိုးရတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရလာဒ်တွေကို ငြင်းပယ်ရမှာဖြစ်ပြီး၊ စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို သက်ဆိုးရှည်စေတဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ ပစ္စည်းကိရိယာနဲ့ လေယာဉ်ဆီလမ်းကြောင်းတွေကို ရပ်တန့်စေဖို့အတွက် ပူးပေါင်းညှိနှိုင်းလုပ်ဆောင်တဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဟန်ချက်ညီချမှတ်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း JFM ကဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ ခုခံတော်လှန်ရေးက ခြောက်နှစ်တာကာလထဲကို ဝင်ရောက်လာချိန်မှာ ကမ္ဘာကြီးအနေနဲ့လည်း စစ်ရာဇဝတ်ဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို တည်ဆောက်ဖို့ ကြိုးစားနေတဲ့ ပြည်သူတွေရဲ့ အားထုတ်မှုအပေါ် သွေးစည်းညီညွတ်စွာ ရပ်တည်ပေးဖို့လိုတယ်လို့လည်း မရတနာမောင်က ဆက်လက်ပြောကြားခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ လူစာရင်းနဲ့ လိပ်စာတွေ ရထားပြီ၊ အရေးယူမှုတွေ လုပ်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ပြော

စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့ အဖွဲ့ကို ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် မင်းကွန်းနဲ့ ကျောက်တာရွာက ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ထောက်ပံ့နေသူတွေရဲ့စာရင်းကို ရရှိထားပြီဖြစ်တာကြောင့် အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အရပ်သားတွေကို ဗုံးမကြဲဖို့ သတိပေးတဲ့အနေနဲ့ လေတပ်ဗိုလ်မှူးရဲ့ ဂတ်စ်မီးဖိုဆိုင်ကို ဖောက်ခွဲရာ ဆယ်အိမ်မှူး သေပြီး ၂ ယောက် ထိိခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က လေတပ်​ ဗိုလ်မှူး မျိုးလွင် မိသားစုပိုင်တဲ့ ကံ့ကော်မြိုင် ဂတ်(စ်) မီးဖိုဆိုင်ကို ဗုံးခွဲတိုက်ခိုက်မှုမှာ ဆယ်အိမ်မှူး ၁ ယောက်သေပြီး ၂ ယောက်ထိခိုက်ကြောင်း မြို့ပြကြွက်အဖွဲ့ထံက သိရပါတယ်။
Read More

Monywa Youth Attack Force က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုံသဏ္ဍာန် ဆီမီးအပါ ဆီမီး၂ ထောင် ကပ်လှူပူဇော်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၁၇ တပ်ရင်း၊ တပ်ခွဲ ၃ (Monywa Youth Attack Force) က အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ တော်လှန်သီတင်းကျွတ်လပြည့်နေ့မှာ ပြည်သူတွေနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုံသဏ္ဍာန် ဆီမီးအပါ ဆီမီး၂ထောင် ကပ်လှူပူဇော်ခဲ့ပြီး မီးပုံးပျံတွေ လွှတ်တင်ခဲ့ပါတယ်လို့ သိရပါတယ်။
Read More

ပုလောမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်းထားသည့် တပ်ကြပ်ကြီးစာရေး (အကူ) (၁) ဦးနှင့် ဒု-တပ်ကြပ် (၁) ဦး လက်နက်များနှင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဘုတ်ခြံအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သား စုဆောင်းခံထားရတဲ့ စစ်သား (၂) ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်နယ် ကျေးရွာအုပ်စု ၁၄၀ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်ကြေညာ

မွန်ပြည်နယ်က ကျေးရွာအုပ်စုပေါင်း ၁၄၀ မှာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာပါတယ်။ မွန်ပြည်နယ် (၁၀) မြို့နယ်ထဲက မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံမြို့နယ်ကလွဲရင် ကျန်တဲ့ ၇ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေ ကျေးရွာအုပ်စု ၁၄၀ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Read More

ချင်းပြည်နယ်အတွင်း ဒုတိယမြောက် မြို့သိမ်းတိုက်ပွဲအဖြစ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ BNRA ပါဝင်ခဲ့

ချင်းပြည်နယ်ရဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ချင်းညီနောင်နဲ့အတူ ဒုတိယမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ပါဝင်ခဲ့တယ်လို့ BNRA က အသိပေးထုတ်ပြန်ပါတယ်။