စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေနဲ့ မီးဘေးသင့်ပြည်သူတွေကို အခြေခံ စားနပ်ရိက္ခာတွေကို ကူညီထောက်ပံ့ခဲ့တယ်လို့ ရေစကြိုအခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Southern YSO PDF အဖွဲ့က ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

စစ်မီးဒဏ်ကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေး ခိုလှုံနေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် Southern YSO PDF အဖွဲ့ဝင်တွေက ဆန်၊ ဆီ နဲ့ အခြေခံလိုအပ်တဲ့ စားနပ်ရိက္ခာတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းကူညီပေးခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် မကြာသေးမီက မီးဘေးဒဏ်သင့်ခဲ့ရတဲ့ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် Southern YSO PDF မှ ကိုယ်တိုင်သွားရောက်ကာ ဆန်နဲ့ စားနပ်ရိက္ခာ စုစုပေါင်း (၄၅) အိတ် ကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Southern YSO PDF အဖွဲ့ကတော့ “ပြည်သူ့ဘဝ တစ်နေ့တာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းနဲ့ စားဝတ်နေရေး အခက်အခဲတွေ အနည်းငယ်မျှ လျော့ပါးသွားအောင် လူသားစာနာစိတ်နဲ့ အခုလို ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ပြည်သူသည် အားဖြစ်သည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Southern YSO PDF အနေနဲ့ ပြည်သူလူထုနဲ့အတူ တစ်သားတည်း ရပ်တည်သွားမှာဖြစ်ပြီး တော်လှန်ရေး အောင်ပွဲရတဲ့အထိ လူသားစာနာမှုဆိုင်ရာ ကူညီပံ့ပိုးရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း အသိပေးထားပါတယ်။
0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး(၂၇)လုံးနှင့် အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂၇)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် စစ်သား ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်စစ်တပ်က စစ်သား ၄ ယောက် အလင်းဝင်လာခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာ - LL.S.B.F တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်မြို့လယ်ခေါင် စစ်အုပ်စုလုံခြုံရေးဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရမှုအပါအဝင် စက်တင်ဘာလအတွင်း မြို့ပြ UG များ၏ စစ်ရေးဖော်ဆောင်မှု ၈ ကြိမ်ထက်မနည်း ရှိခဲ့

ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့က စစ်တပ်ဂိတ်ဖောက်ခွဲတိုက်ခိုက်ခံရမှုအပါအဝင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရန်ကုန်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်(UG) တွေရဲ့စစ်ရေးလှုပ်ရှားမှု ၈ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

ကလေးမြောက်ပိုင်းနှင့် တောင်ပိုင်းတွင် စစ်ကြောင်းများ အလွန်အကျွံထိုးမှုကြောင့် ရွာပေါင်း ၅၀ ကျော်က အရပ်သားသောင်းနှင့်ချီ အရေးပေါ် စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့မှုတွေ ပြင်းထန်နေတာကြောင့် သောင်းနဲ့ချီတဲ့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ကျောက်မဲမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ချိန် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ စစ်သားများ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးရှိ လယ်တဲမှာ တိမ်းရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်မှာ စစ်မှုထမ်းကြေး တစ်အိမ်ထောင် ၃သိန်း ငွေညှစ်နေတဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်မှာ တစ်အိမ်ထောင် စစ်မှုထမ်းကြေး ၃သိန်း တောင်းခံနေတဲ့ ကြို့ပင်စခန်းအုပ်စု ရာအိမ်မှူးသိန်းဦးကို နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းပြီး လေသေနတ် ၁လက်ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇမင်းက မောင်းကိုပြောပါတယ်