မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ ကပစ -၁၈ က ဗိုလ်ကြီးသက်ထွန်း ဦးဆောင်မောင်းနှင်လာတဲ့ အိမ်စီးကားကို စောင့်ကြိုပစ်ခတ်ခဲ့လို့ ကားပေါ်ပါ စစ်သား(၃)ယောက်သေဆုံးကာ ဗိုလ်ကြီးသက်ထွန်းအပါ (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး) က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၉) ရက်နေ့မှာ တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းစစ်တပ်ဂိတ်နေ ထွက်ခွာလာတဲ့ မက်(ခ) တူး အိမ်စီးကားအဖြူရောင်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပဲခူးရိုးမပတ်လမ်းတစ်နေရာကနေ သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး) တာဝန်ရှိသူကပြောပါတယ်။

အဲ့ဒီမက်(ခ) တူး အိမ်စီးကားအဖြူရောင်ပေါ်မှာ တောင်တွင်းကြီးမြို့အခြေစိုက် အမှတ်(၁၈) ကာကွယ်ရေးပစ္စည်းစက်ရုံက စစ်ကော်မရှင်တပ် ဗိုလ်ကြီး သက်ထွန်းနဲ့ နောက်လိုက်စစ်သားတွေ လိုက်ပါလာခဲ့တာဖြစ်ပြီး သူတို့တပ်စွဲရာ တောင်တွင်းကြီးမြို့တောင်ဘက် ပျဥ်ချောင်းရွာကို ပြန်လာနေချိန်မှာ အခုလိုပစ်ခတ်မှုဖြစ်ခဲ့တာပါ။

“အဲ့ထောက်ကြံ့ကွင်းဂိတ်ကလည်း တောင်တွင်းကြီး-အောင်လံ ပဲခူးရိုးမပတ်လမ်းပေါ်ပဲ ရှိတာပါ။ ဗိုလ်ကြီးသက်ထွန်းအပါ (၆) ယောက်ပါတယ်။ ဖရဲသီးသတင်းအရ စောင့်ပစ်ခဲ့တာပါ။ ပွဲက (၁၅) မိနစ်လောက်ကြာခဲ့တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်သား (၃)ယောက်သေဆုံးပြီး ဗိုလ်ကြီးသက်ထွန်း နဲ့ ကျန်တပ်သား(၂) ယောက်ဟာ အပြင်းထန်ဒဏ်ရာတွေရရှိကာ မကွေးစစ်ဆေးရုံကြီးပေါ် တက်ရောက် ကုသမှုခံယူနေရတယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)နဲ့အတူ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မကွေးတောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့ တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်းသိရပါတယ်။

​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ တပ်ဖွဲ့ဝင်များ(ပုံဟောင်း)
0 Shares:
You May Also Like
Read More

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ လေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်၊ လက်ရှိပြုလုပ်နေသော ဆန်အိတ်တစ်ရာကမ်ပိန်းတွင်လည်း ပါဝင်ကူညီပေးကြပါရန် တိုက်တွန်း

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ ဒီကနေ့ လေးနှစ်ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။
Read More

ရေစကြိုတွင် အကြမ်းဖက်စစ်ကော်မရှင်က ကုန်စည်စီးဆင်းမှု ခက်ခဲအောင် ပိတ်ဆို့ကန့်သတ်မှုတွေ ပိုမိုလုပ်ဆောင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်စေဖို့ ရည်ရွယ်ချက်နဲ့ လမ်းပိုင်းတွေ၊ မြို့အဝင်အထွက်ဂိတ်တွေ ပိတ်ဆို့ကာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်တွေကို ဆိုးဆိုးရွာရွား ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
Read More

ညောင်ဦးတွင် အကြမ်းဖက်စစ်ကြောင်း ၂ ကြောင်းခွဲဝင်မှုကြောင့် ရွာ ၁၀ ရွာမှ အရပ်သား ၅ ထောင်ကျော် တိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်း ၂ ခု ခွဲထိုး ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၁၀ရွာက အရပ်သား ၅ ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရပ်သားနေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ Black Eagle PDF (Bagan) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ပွင့်ဖြူမှာ မိုင်းခွဲခံရတဲ့ အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ထပ်မံမိုင်းခွဲခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့နဲ့ ရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၅ယောက်ခန့် ထိခိုက်ဒဏ်ရာပြင်းထန်နေကြောင်း မင်းဘူးခရိုင်တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တစ်နိုင်ငံလုံးမှာ စစ်ဘေးရှောင် လူဦးရေ ၄ သန်းကျော်အထိ ရှိလာပြီး အရေအတွက်က နေ့စဉ်မြင့်တက်နေ

စစ်အာဏာသိမ်းထားတဲ့  ၄နှစ်တာ နီးပါးကာလအတွင်း တစ်နိုင်ငံလုံးမှာ စစ်ဘေးရှောင် လူဦးရေက  ၄သန်းကျော်အထိ ရှိလာပြီး စစ်ဘေးရှောင်ပြည်သူ အရေအတွက်က နေ့စဉ်မြင့်တက်လျက်ရှိတယ်လို့ Blood Money က ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းတွင် ဆက်ကြေးကောက်ငွေညှစ်နေသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ နေရာမှာတင် ၄ယောက်သေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys တာဝန်ရှိသူက မောင်းကို ပြောပါတယ်။